NLD ဒေါ်နီနီမေမြင့် နှင့် ဒေါ်ချစ်ချစ်ချော တို့ အဖမ်းခံရ

AA လက်နက်ကိုင်အဖွဲ့က ၇၉ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသည့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့် နှင့် ဒေါ်ချစ်ချစ်ချော တို့ နှစ်ဦးကို မေလ ၁၂ ရက်နေ့ညမှာ သူတို့ပုန်းအောင်နေထိုင်ရာ…

စစ်ကောင်စီက လက်နက်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာကို ဒီနေ့ မေလ(၁၃)ရက်နေ့ မနက်(၄)နာရီမှာ စစ်ကောင်စီလက်နက်ကိုင်များက ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာ လက်လုပ်သေနတ်၊ တူမီးသေနတ်နှင့်လက်လုပ်ဗုံး အများအပြားကို သိမ်းဆည်းလိုက်ပါတယ်။ စစ်တပ် အာဏာသိမ်းသည်ကို မကျေနပ်သော…

ပူတာအိုဒေသ ပညာရေးရပ်ဝန်းမှ CDM ဆရာ/မများစာရင်းထွက်လာ

ပူတာအိုဒေသအတွင်း ပညာရေးရပ်၀န်းထဲက စီဒီအမ် ခေါ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာ/မများ စာရင်းထွက်ပေါ်လာပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်ထွက်လာ

၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ပြည်သူလူထုအား အသိပေး ထုတ်ပြန်ချက် တစ်ရပ်ကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YRFA) က ထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်က ပြည်သူလူထုကို…

မြန်မာ့နွေဦးတော်လှန်ရေး ဇာတ်လမ်းရုပ်ရှင်ရိုက်ကူးမယ်

မြန်မာနိုင်ငံက ဂျန်ဇီတစ်ဦးရေးထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး ဇာတ်လမ်းကို A Road to Freedom နာမည်နဲ့ ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဓိကကတော့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း လူထုအသိအမြင်ရအောင်ရည်ရွယ်တာဖြစ်ပြီး၊ ရိုက်ကူးမှုကို…

ရန်ကုန်မှာ ပတ်စပို့ရုံးစတင်ဖွင့်လှစ်

တပ်မတော်အာဏာသိမ်းပြီးကတည်းက ပိတ်ထားတဲ့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံး Myanmar Passport Office ကို ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ရုံးအနေနဲ့…

အလှမယ် တစ်ဖြစ်လဲ လက်နက်ကိုင်တော်လှန်ရေးသမား ထားထက်ထက်

အသက် ၃၂ နှစ်အရွယ်၊ ကျွမ်းဘားအားကစားနည်းပြ နှင့် အလှမယ်တစ်ဦးဖြစ်တဲ့ ထားထက်ထက်က လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိပြီး လက်နက်ကိုင် တော်လှန်ရေးသမားတစ်ဦးဖြစ်လာပါတယ်။ တပ်မတော်ဟာ သူ့အလုပ်သူ့လမ်းကြောင်း မဟုတ်ဘဲနဲ့ မဲစာရင်းစစ်တာတို့၊ နိုင်ငံရေးမှာပါဝင်တာတို့၊…

ကချင်ပြည်နယ် ​နေရာ​တော်​တော်များများတွင် တိုက်ပွဲများဖြစ်ပွား

ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်တပ်များသည် ယနေ့ နေရာတော်တော်များများတွင် တိုက်ပွဲ​များဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီ တပ်စခန်းတစ်ခုမီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ မိုးမောက်မြို့နယ်ရှိ စလောင်းကုန်းကျေးရွာတွင် မေ ၁၁ရက်နေ့ ၂နာရီခန့်တွင် ကေအိုင်အေနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များ…

မီဒီယာမိုးချုပ်သွားတဲ့ တိုင်းပြည် … (OPINION)

မေလ ၃ ရက်နေ့က World Press Freedom Day (ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့) ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မီဒီယာ လွတ်လပ်ခွင့် မိုးချုပ်သွားခဲ့ပြီဖြစ်ပါတယ်။ မီဒီယာက လူထုရဲ့ နားနဲ့မျက်စိပဲဖြစ်ပါတယ်။…

စစ်ကောင်စီရဟတ်ယာဉ်ကို KIA ပစ်ချ

မေလ ၃ ရက်နေ့ မနက်ပိုင်းက မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာနားမှာ လေကြောင်းက လာရောက်တိုက်ခိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ဟယ်လီကော်ပတာရဟတ်ယာဉ်ကို KIA ကပစ်ချလိုက်ပါတယ်။ မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်ကနေ လေကြောင်းကနေ တစ်နေ့ကို လေးကြိမ်လောက်အထိ…