မြန်မာ့နွေဦးတော်လှန်ရေး ဇာတ်လမ်းရုပ်ရှင်ရိုက်ကူးမယ်


မြန်မာနိုင်ငံက ဂျန်ဇီတစ်ဦးရေးထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး ဇာတ်လမ်းကို A Road to Freedom နာမည်နဲ့ ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဓိကကတော့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း လူထုအသိအမြင်ရအောင်ရည်ရွယ်တာဖြစ်ပြီး၊ ရိုက်ကူးမှုကို Hollywood Screenings Film Festival မှာ ဆီမီးဖိုင်နယ်လစ်ဝင်ထားဖူးတဲ့ ဒါရိုက်တာ Dylon Chow ၊ ထုတ်လုပ်မှုကို Inn Lay Production ဆောင်ရွက်မယ်လို့ဆိုပါတယ်။

“တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှု ရေချိန်အမြင့်ဆုံးအချိန်မှာ ပိုပြီး awareness and support ရအောင် ရည်ရွယ်တိုင်ပင်လုပ်ဆောင်ခဲ့ကြတာပါ။ ဒါရိုက်တာ Dylon Chow ကရိုက်ကူးမှာပါ” ဇာတ်ညွှန်းရေးပေးခဲ့သူ၊ ပါဝင်စီစဉ်သူတစ်ဦးက ဆိုပါတယ်။

ရုပ်ရှင်ရိုက်ကူးရေးရံပုံငွေရှာရန် မေလ ၂၃ ရက်နေ့ မနက် ၉ နာရီကနေ ၁၂ နာရီအထိ ဈေးရောင်းပွဲကို 9837 Haldwin PI, EL Monte, California, 91731 မှာပြုလုပ်မယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *