ကချင်ပြည်နယ် ​နေရာ​တော်​တော်များများတွင် တိုက်ပွဲများဖြစ်ပွား

ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်တပ်များသည် ယနေ့ နေရာတော်တော်များများတွင် တိုက်ပွဲ​များဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီ တပ်စခန်းတစ်ခုမီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

မိုးမောက်မြို့နယ်ရှိ စလောင်းကုန်းကျေးရွာတွင် မေ ၁၁ရက်နေ့ ၂နာရီခန့်တွင် ကေအိုင်အေနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ဖာ (Nawng Hpa)တွင် မနက်ပိုင်း စစ်​​ကောင်စီ လက်နက်ကိုင်​ယာဥ်တန်းကို ​ကေအိုင်​အေမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။၎င်းယာဥ်တန်းကို ပစ်ခတ်စဥ် စစ်​ကောင်စီ လက်နက်ကိုင်အချို့ဒဏ်ရာရရှိပြီး ဒဏ်ရာရသူများကို Pajero တစ်စီး၊ Jeep ကား တစ်စီးနှင့် မိုး​မောက်မြို့နယ် ​ဒေါ့ဖုန်းယန်ဘက်ကို သယ်ယူသွား​ကြောင်း ​ကေအိုင်​အေ အရာရှိတစ်ဦးက ဆိုသည်။

အလောဘွမ်တွင် ယ​နေ့ ၁၀နာရီခွဲခန့်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်များသည် နေ့လည်ပိုင်းတွင် လေယာဥ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယ​နေ့ နံနက်ပိုင်းတွင် ကေအိုင်အေ တပ်မဟာ (၃) အောက် တပ်ရင်း(၂၇)ကလည်း မံစီမြို့နယ် မဒိမ်ယန်ရှိ စစ်​ကောင်စီ လက်နက်ကိုင် တပ်စခန်းများကို သွား​ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီမှ ဂျက်လေယာဥ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မဒန်ယန် ​ကျေးရွာအနီးရှိ စစ်​ကောင်စီ တပ်စခန်းအား ​ကေအိုင်​အေမှ မီးရှို့ဖျက်ဆီးခဲ့​ကြောင်း ကေအိုင်​အေ အရာရှိတစ်ဦးက ဆိုသည်။​​ရွှေကူမြို့မှ ဗန်း​မော်ဘက် ဆန်တက်လာသည့် စစ်သားများလိုက်ပါစီးနှင်းကာ ရိက္ခာသယ်​ဆောင်လာသည့် သင်္ဘောကိုလည်း ​ကေအိုင်​အေက တိုက်ခိုက်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေ တပ်မဟာ (၄)၊တပ်မဟာ (၆)နှင့် တပ်မဟာ (၁၀)နယ်မြေတို့တွင်လည်း တိုက်ပွဲများဖြစ်ပလားခဲ့ကြောင်း သိရသည်။

Sources: Kachinwaves

Leave a Reply

Your email address will not be published. Required fields are marked *