နွေဦးဒယ်ဒီ—–Myanmar Spring Daddy

မသွားပါနဲ့ဖေဖေရယ်သမီးမှာ ဖေဖေမရှိလို့ မဖြစ်ဘူး။ Please don’t go DaddyI can’t live without you.

ဆောရီးပါ သမီးရယ်ဒီတိုက်ပွဲမှာလည်း ဖေဖေမရှိလို့ မဖြစ်ဘူး.။ Sorry Girl,This Revolution is impossible without me.

မသွားပါနဲ့ ဖေဖေရယ်သမီးဘဝမှာ ဖေဖေ့ကိုလိုအပ်တယ်။ Please don’t go DaddyI need you in my life.

ဆောရီးပါ သမီးရယ်ပြည်သူတွေအတွက်လည်း ဖေဖေ့ကိုသူတို့လိုအပ်နေလို့ပါ။ Sorry GirlFor the people they do need me.

မသွားပါနဲ့ ဖေဖေရယ်သမီးရဲ့ အနာဂတ်က ဖေဖေလေ။ Please don’t go DaddyYou are my future.

ဆောရီးပါ သမီးရယ်နိုင်ငံတစ်ခုရဲ့အနာဂတ်တွေသမီးတို့လို ရင်သွေးလေးတွေအနာဂတ်က ဖေဖေ့ပခုံးပေါ်မှာပါ။ Sorry Girl All the duties for future generations of my country like you is on my shoulder.

မသွားပါနဲ့ ဖေဖေရယ်သမီးဆီ ဖေဖေ ပြန်မလာနိုင်မှာစိုးတယ်။ Please don’t go DaddyI’m worried you can’t come back to me.

ခွင့်လွှတ်ပါ သမီးရယ်ပြန်မလာနိုင်တော့တဲ့ သားသမီးတွေပြန်မလာနိုင်တဲ့ မိခင်နဲ့ ဖခင်တွေထမင်းဝိုင်းမှာ လူမစုံတော့တဲ့မိသားစုပေါင်း များစွာအတွက်ဖေဖေသွားရမယ်။ Sorry Girl For unreturnable children For unreturnable parents For families never can eat together at their dinning tableI must go.

ဖေဖေသာ ပြန်မလာနိုင်ခဲ့ရင်သမီးနဖူးပေါ်က ဖေဖေ့အနမ်းဟာအမြဲအမှတ်တရ ဂုဏ်ယူစေရမယ်။ If I can’t return You must be proud of my kiss on your forehead.

ဒါ တို့ဖေဖေအနမ်းပဲလို့သမီးအမြဲ ပြောပြ ကျေနပ်ပေးပါ ။ This is my Father’s kissAlways talk and be proud of it.

ဟုတ်ကဲ့ပါဖေဖေသမီး အမြဲကျေနပ်ပါတယ်ဂုဏ်ယူပါမယ် ပြန်ပြောနေပါ့မယ်ဖေဖေက သမီးအတွက်အမြဲတမ်းဖေဖေနွေဦးဖေဖေပါ ။ Yes DaddyI’ll always be pleasedI’ll be proudI’ll retell this storyYou are my forever Spring Daddy.

ဒါပေမယ့်အိမ်ကိုတော့ စောစောပြန်ခဲ့ပါနော်ဖေဖေ…..။ But Please return back home early Dad!!!

Credit:မိုးနီလွင် Poet: Moe Nilwin

Leave a Reply

Your email address will not be published. Required fields are marked *