CNN စစ်သတင်းထောက် Clarrissa Ward မြန်မာပြည်လာမည်


CNN သတင်းဌာနရဲ့ နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward ဟာ မြန်မာပြည်ကို လာရောက်နေတယ်လို့ သူ့ရဲ့ တွစ်တာ (Twitter) လူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။

Clarissa Ward ဟာ စစ်မြေပြင်ဖြစ်တဲ့ အာဖဂန်နစ္စတန်၊ ယီမင်၊ အီရတ်၊ ဆီးရီးယား စတဲ့ဒေသတွေမှာ သွားရောက်သတင်းယူခဲ့ဖူးသူဖြစ်ပါတယ်။ မတ်လ ၃၀ ရက်ညတွင်၊ သူမသည် ရန်ကုန်မြို့သို့ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ် မြို့မှ တစ်ဆင့် MAI လေကြောင်းလိုင်း 8M 802 ဖြင့် ဆိုက်ရောက်မယ်လို့ သိရပါတယ်။

CNN, BBC, Al Jazeera စတဲ့သတင်းဌာနတွေက တစ်စုံတစ်ခု ဖြစ်တော့မည့် ဆဲဆဲတွင် လာရောက်သတင်းယူလေ့ရှိတာကို အီရတ်၊ လစ်ဗျား တို့က သက်သေရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *