CRPH က ခေတ္တဒုသမ္မတ တစ်ဦးခန့်အပ်

News:CRPH appoints interim Vice President.


ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဦးမန်းဝင်းခိုင်သန်းအား ခေတ္တဒုသမ္မတ တစ်ဦးအဖြစ် ခန့်အပ်ကြောင်း ကြေညာလိုက်ပါတယ်။

CRPH ရဲ့ကြေညာချက်အမှတ် (၁၂/၂၀၂၁) ထဲမှာ ခေတ္တဒုသမ္မတ ခန့်အပ်ရသည့် အကြောင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အချက် (၂) ချက်ဖော်ပြပါတယ်။

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အုပ်စုက အဓမ္မနည်း ဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း မန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

၂။ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားသည့်အတွက် နိုင်ငံတော်သမ္မတ က တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် အခြေအနေမရှိသည့်ကာလတွင် ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ၏ တာဝန်များကိုပါ ထမ်းဆောင်ရန် တာဝန် အပ်နှင်းလိုက်သည်။

ခေတ္တဒုတိယသမ္မတဦးမန်းဝင်းခိုင်သန်း၏ကိုယ်ရေးအကျဥ်း…………..


မန်းဝင်းခိုင်သန်း (၂၃ ဧပြီ ၁၉၅၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ရှေ့နေနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်မြေ ၈ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီးမန်းဘခိုင် ၏ မြေးဖြစ်သည်။
ကိုယ်ရေး အချက်အလက်များ………
မွေးဖွားဧပြီ ၂၃၊ ၁၉၅၂ (အသက် ၆၈)
ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ။လူမျိုး-မြန်မာနိုင်ငံသား ကရင်လူမျိုးနိုင်ငံရေးပါတီ-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်Relations-မန်းဘခိုင် (အဖိုး)မိဘ-မန်းသန်းရှိန်၊ နန့်ခင်ဌေးရည်ခိုင်မိခင်ကျောင်း-ရန်ကုန်တက္ကသိုလ်အလုပ်အကိုင်-ရှေ့နေ၊ နိုင်ငံရေးသမားကိုးကွယ်သည့်ဘာသာ-ခရစ်ယာန်ဘာသာ
ဟင်္သာတမြို့နယ်၊ ယုန်သလင်းရွာအထက်တန်း‌ကျောင်းနှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ရှေ့နေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ် (UKL) ပါတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။


source link


zawgyi:
CRPH က ေခတၱဒုသမၼတ တစ္ဦးခန႔္အပ္

ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က ဦးမန္းဝင္းခိုင္သန္းအား ေခတၱဒုသမၼတ တစ္ဦးအျဖစ္ ခန႔္အပ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

CRPH ရဲ႕ေၾကညာခ်က္ထဲမွာ ေခတၱဒုသမၼတ ခန္႔အပ္ရသည့္ အေၾကာင္းႏွင့္ ပတ္သက္၍ ေအာက္ပါအတိုင္း အခ်က္ (၂) ခ်က္ေဖာ္ျပပါတယ္။

၁။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ တရားဝင္အစိုးရျဖစ္ေသာ သမၼတ ဦးဝင္းျမင့္ ႏွင့္ ႏိုင္ငံေတာ္ ၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဦးေဆာင္သည့္ ျပည္သူ႔အစိုးရအား စစ္အုပ္စုက အဓမၼနည္း ျဖင့္ ဖယ္ရွား၍ အာဏာသိမ္းယူထားသည္ျဖစ္ရာ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳရန္အတြက္လည္းေကာင္း၊ ႏိုင္ငံေတာ္အစိုးရ၏ လုပ္ငန္းတာဝန္မ်ားကို ထမ္းေဆာင္ရန္အတြက္လည္းေကာင္း မန္းဝင္းခိုင္သန္းအား ေခတၱ ဒုတိယသမၼတအျဖစ္ ခန႔္အပ္တာဝန္ေပးလိုက္သည္။

၂။ အာဏာသိမ္းစစ္အုပ္စုက ႏိုင္ငံေတာ္အာဏာကို အဓမၼသိမ္းယူထားသည့္အတြက္ ႏိုင္ငံေတာ္သမၼတ က တာဝန္ဝတၱရားမ်ားကို ထမ္းေဆာင္ရန္ အေျခအေနမရွိသည့္ကာလတြင္ ေခတၱ ဒုတိယသမၼတအား ႏိုင္ငံေတာ္သမၼတ၏ တာဝန္မ်ားကိုပါ ထမ္းေဆာင္ရန္ တာဝန္ အပ္ႏွင္းလိုက္သည္။

ေခတၱဒုတိယသမၼတဦးမန္းဝင္းခိုင္သန္း၏ကိုယ္ေရးအက်ဥ္း…………..


မန္းဝင္းခိုင္သန္း (၂၃ ဧၿပီ ၁၉၅၂ ေမြးဖြား) သည္ ျမန္မာႏိုင္ငံသား ႏိုင္ငံေရးသမား၊ ေရွ႕ေနႏွင့္ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ျဖစ္သည္။ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ကရင္ျပည္နယ္ မဲဆႏၵနယ္ေျမ ၈ မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အႏိုင္ရရွိခဲ့သည္။ အာဇာနည္ ေခါင္းေဆာင္ႀကီး ဝန္ႀကီးမန္းဘခိုင္ ၏ ေျမးျဖစ္သည္။
ကိုယ္ေရး အခ်က္အလက္မ်ား………
ေမြးဖြားဧၿပီ ၂၃၊ ၁၉၅၂ (အသက္ ၆၈)
ဟသၤာတၿမိဳ႕နယ္၊ ဧရာဝတီတိုင္း၊ ျမန္မာႏိုင္ငံ။လူမ်ိဳး-ျမန္မာႏိုင္ငံသား ကရင္လူမ်ိဳးႏိုင္ငံေရးပါတီ-အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္Relations-မန္းဘခိုင္ (အဖိုး)မိဘ-မန္းသန္းရွိန္၊ နန႔္ခင္ေဌးရည္ခိုင္မိခင္ေက်ာင္း-ရန္ကုန္တကၠသိုလ္အလုပ္အကိုင္-ေရွ႕ေန၊ ႏိုင္ငံေရးသမားကိုးကြယ္သည့္ဘာသာ-ခရစ္ယာန္ဘာသာ
ဟသၤာတၿမိဳ႕နယ္၊ ယုန္သလင္း႐ြာအထက္တန္း‌ေက်ာင္းႏွင့္ ရန္ကုန္ဝိဇၨာႏွင့္ သိပၸံတကၠသိုလ္တို႔တြင္ ပညာသင္ၾကားခဲ့သည္။ ၁၉၇၇ ခုႏွစ္မွစ၍ ေရွ႕ေနလုပ္ငန္းကို လုပ္ကိုင္ခဲ့သည္။ ၁၉၉၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုကရင္အမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ (UKL) ပါတီတြင္ ေကာ္မတီဝင္အျဖစ္လည္းေကာင္း၊ ဧရာဝတီတိုင္း၊ က်ဳံေပ်ာ္ၿမိဳ႕၊ ကိုယ့္အားကိုယ္ကိုး မူႀကိဳေက်ာင္းတြင္ ေကာ္မတီဝင္အျဖစ္လည္းေကာင္း တာဝန္ ထမ္းေဆာင္ခဲ့သည္။

source link

Leave a Reply

Your email address will not be published. Required fields are marked *