မြန်မာပြည် အင်္ဂလီကန်အသင်းတော်မှ ရန်ကုန်လူငယ်ဗဟိုကော်မတီတစ်ဖွဲ့လုံး နှုတ်ထွက်

မြန်မာပြည် အင်္ဂလီကန်အသင်းတော်၊ ရန်ကုန်သာသနာနယ်အတွင်းရှိ ရန်ကုန်လူငယ်ဗဟိုအမှုဆောင်အဖွဲ့ တစ်ဖွဲ့လုံး မတ်လ ၈ ရက်နေ့မှာ နှုတ်ထွက်လိုက်ကြပါတယ်။

နှုတ်ထွက်စာထဲမှာ ” အသင်းတွင် ဆက်လက်ပါဝင် တာဝန်ယူ ဆောင်ရွက်လိုခြင်း မရှိတော့ပါသဖြင့် အောက်ဖော်ပြပါ အမှုဆောင်များ အနေဖြင့် မိမိတို့ ဆန္ဒအလျောက် နှုတ်ထွက်ပါသည်” ဟူ၍ အကြောင်းပြထားပြီး ဥက္ကဖြစ်သူ ရီဘက်ကာညီက လက်မှတ်ရေးထိုးထားပါတယ်။

“စိတ်မကောင်းဖြစ်ရပေမယ့် ဂုဏ်ယူပါတယ်။ မြန်မာပြည် အင်ဂလီကန်အသင်းတော်သမိုင်းမှာ အခုလိုမျိုးလူငယ်ခေါင်းဆောင်တွေ အမှုဆောင်တစ်ဖွဲ့လုံးနုတ်ထွက်ကြတာမျိုး မရှိခဲ့ဘူးပါ။ လူငယ်တွေရဲ့လုပ်ရပ်က ပြတ်ပြတ်သားသားရှိတာမို့လို့ သူတို့ဆုံးဖြတ်ချက်မှန်တယ်လို့ ထောက်ခံပါရစေ။ ဘာကြောင့် နုတ်ထွက်ကြသလဲဆိုတာ မဖော်ပြထားတာကိုက လူငယ် တွေရဲ့အသင်းတော်အပေါ်ထားတဲ့ချစ်စိတ်ကို အထူးချီးကျူးမိပါတယ်။ အသင်းတော်ဟာ ပြည်သူတွေနဲ့အတူ ရပ်တည်ဖြတ်သန်းမှသာ ပြည်သူနဲ့အတူရှိသောအသင်းတော်ဖြစ်ပါလိမ့်မယ်။ စကားမစပ် လူငယ်တွေရဲ့ ဒီသမိုင်းကို နောင်ပြန်ရေးရင် ကြေးမုံဆောင်းပါးလို၊ မြန်မာ့အလင်းဆောင်းပါးလို ပြန်မရေးကြဖို့ကိုတော့ ကြိုပြီးသတိပေးပါတယ်။” လို့ ချင်းစည်ပင် ၀န်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က သူ့ဖေ့စ်ဘုတ်မှာ မှတ်ချက်ပြု ရေးသားထားပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *