အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာမယ်

အကြောင်းကြောင်းကြောင့် အဟန့်အတားမဖြစ်ခဲ့ရင်၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံလာမယ်လို့ သံတမန်ရပ်ကွက်ထဲက သတင်းထွက်လာပါတယ်။
ပြီးခဲ့တဲ့ သတင်းငါးပတ်ကျော်အကြာက “အချက်ငါးချက်ပါ သဘောတူညီချက်” ကို အာဆီယံခေါင်းဆောင်တွေ ကြေညာခဲ့ပြီးနောက်၊ အခုလိုခရီးစဉ်သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

မြန်မာ့အရေးအတွက် အာဆီယံ သဘောတူထားတဲ့ အချက်ငါးချက်ထဲမှာ အကြမ်းဖက်နှိမ်နင်းတာတွေ ရပ်တန့်ဖို့၊ ဆွေးနွေးပြောဆိုဖို့၊ လူသားစာနာမှု အကူအညီပေးဖို့၊ အထူးသံတမန်တဦး ခန့်အပ်ဖို့နဲ့ “သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး” အထူးသံတမန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့တို့ ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *