ပူတာအိုလေဆိပ်ကို ကေအိုင်အေပစ်ခတ်

ပူတာအိုလေဆိပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဒီကနေ့မနက်ပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်လိုက်ပါတယ်။

ပစ်ခတ်မှုကြောင့် လေဆိပ်ရုံးအဆောက်အဦးတစ်လုံး ထိခိုက်ခဲ့ပေမယ့်၊ အခြားထိခိုက်မှု အသေးစိတ်ကို မသိရသေးပါ။ စစ်ကောင်စီတပ်အပါအဝင်၊ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ရုံးစိုက် လှုပ်ရှားနေတဲ့ကြားမှာ အခုလိုတိုက်ခိုက်မှုကို ကြုံနေရတာဖြစ်ပါတယ်။

တိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ တပ်မဟာ ၁ လက်အောက်ခံ KIA တပ်ရင်း ၇ ကပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်များကဖော်ပြကြပြီး၊ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာလည်း ပူတာအို ခလရ ၄၆ ဗျူဟာတပ်ကို အဝေးက ပစ်ခတ်ခဲ့သလို၊ ပူတာအို- မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ ဖတ်မာ နှင့် တန်ဂျာတို့မှာ တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *