ရန်ကုန်မြို့မှာ ပုဂ္ဂလိကဘဏ်တစ်ချို့ဖွင့်

မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့မှာ ပုဂ္ဂလိကဘဏ်တစ်ချို့ဖွင့်လှစ်နေပေမယ့် တုံကင်စနစ်ဖြင့်သာ ကန့်သတ် ဝန်ဆောင်မှုပေးနေတာကို တွေ့ခဲ့ရပါတယ်။

ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ -၁ မှာ ငွေထုတ်ယူသူများနေပြီး၊ စစ်ကောင်စီရဲ့ လက်နက်ကိုင်များ လုံခြုံရေး ယူပေးနေသည်ကို တွေ့ခဲ့ရပါတယ်။ သတင်းထောက် ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ အင်းစိန်၊ ထောက်ကြန့်၊ လှည်းကူး၊ မှော်ဘီ စတဲ့မြို့နယ်တွေမှာတော့ ဘဏ် ပိတ်ထားဆဲရှိနေပြီး၊ ATM စက်များမှာလည်း ငွေကုန်နေပါတယ်။

သိကျွမ်သူများက ဘဏ်တွင် အပ်ငွေမရှိဘဲ၊ ထုတ်ယူမှုသာရှိလျှင် ဘဏ်များ ပြိုလဲသွားနိုင်သည်ဟု ခန့်မှန်းနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *