လီဆူလူမျိုး မြန်မာသံရုံးဝန်ထမ်း ဖီဂရေ့စ်မီး CDM ပါဝင်လာ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ လီဆူလူမျိုး မြန်မာသံရုံးဝန်ထမ်း ဒေါ် ဖီဂရေ့စ်မီးသည် မတ်လ ၁၈ ရက်နေ့ကစတင်ပြီး CDM မှာပါဝင်လာပါတယ်။

ဒေါ်ဖီဂရေ့စ်မီးသည် မြန်မာသံရုံး၊ ပါရီမြို့မှာ ဒုတိယ အတွင်းဝန်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ သူမရဲ့ ဖေ့ဘုတ်မှာ အောက်ပါအတိုင်း ကြေညာထားပါတယ်။
” မြန်မာသံရုံး၊ ပါရီမြို့၌ ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျွန်မ ဖီဂရေ့စ်မီးသည် ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ ယနေ့ (၁၈-၃-၂၀၂၁)ရက်နေ့မှစ၍ မိမိဆန္ဒအလျောက် မြန်မာနိုင်ငံအတွင်း Civil Disobedience Movement(CDM) ပါဝင်သူများနှင့်အတူ ပူးပေါင်းမည်ဖြစ်ပါကြောင်း အတိအလင်း ကြေညာပါသည်။
မြန်မာပြည်သူများမှ ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်သည့် အရပ်သားအစိုးရအပေါ် လက်နက်အားကိုးဖြင့် အဓမ္မ စစ်အာဏာသိမ်းခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို အသက်ဆုံးရှုံးစေသည်အထိ အကြမ်းဖက်နှိမ်နင်းတိုက်ခိုက်ခြင်းတို့အပေါ် များစွာစိုးရိမ်ဝမ်းနည်းရပါသည်။ လွတ်လပ်၍ တရားမျှတသည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲရလဒ်ကို လေးစားပြီး၊ နိုင်ငံတော်အာဏာ ပြည်သူများထံ ပြန်လည်အပ်နှံရေးကို တညီတညွတ်တည်း တောင်းဆိုပါသည်။
ကျွန်မ၏ ပါဝင်မှုသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်၍ မြန်မာနိုင်ငံသားတစ်ယောက်၏ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခြင်းဖြစ်ပြီး၊ ရာထူးမှ နုတ်ထွက်ခြင်း လုံးဝ (လုံးဝ) မဟုတ်ကြောင်းကိုလည်း ဖော်ပြအပ်ပါသည်။
Je soussignée, Phe Grace Mee, Deuxième secrétaire à l’Ambassade de la République de l’Union du Myanmar à Paris déclare par la présente que je me joins au mouvement de desobéissance civile du Myanmar à partir d’aujourd’hui le 18 mars 2021.
Il est triste et troublant d’être témoin du coup d’Etat Militaire contre le gouvernement civil démocratiquement élu et de l’utilisation de la force meurtrière et de la violence contre les manifestants pacifiques.
Je demande le respect du résultat des élections de novembre 2020 et de rendre le pouvoir de l’État au peuple.
J’exerce mon propre droit d’expression et je suis du côté du peuple du Myanmar. Je certifie en outre qu’il ne s’agit pas ici de démission.
I, Phe Grace Mee, Second Secretary, working at the Embassy of the Republic of the Union of Myanmar in Paris, hereby announce that I am joining the Civil Disobedience Movement (CDM) together with those who joined in Myanmar.
I am deeply saddened and disturbed by the military coup against the democratically elected civilian government and the use of lethal force and violence against the peaceful demonstrators. I urge to respect the result of the 2020 November election and to return the state power to the people.
I am practicing my own right of peaceful expression and stand together with the people of Myanmar. I certify that this is not resignation.

CivilDisobedienceMovement

CDM

Myanmar_Embassy_Paris

Leave a Reply

Your email address will not be published. Required fields are marked *