ဒူးလေးပါတီဥက္ကဌ လီဆူတွေကို မေးခွန်းထုတ်

ဒူးလေးပါတီဥက္ကဌ ဦးရွှေမင်းက လီဆူတွေ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဘာတွေပြင်ဆင်ထားပြီလဲ လို့မေးခွန်းထုတ်လိုက်ပါတယ်။

ဒူးလေးပါတီဥက္ကဌက ” တို့လီဆူတွေ .. ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဘာတွေပြင်ဆင်ထားပြီလဲ။ စိတ်အေးအေးထားပြီး စဉ်းစားကြည့်ကြရအောင်!” လို့ မတ်လ ၁၉ ရက်နေ့၊ ၁၁ နာရီဝန်းကျင်မှာ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးလိုက်ပါတယ်။ စာမျက်နှာမှာ လိုက်ခ်လုပ်ထားသူ ၅ ထောင်ကျော်တွေ့ရပေမယ့်၊ စတေးတပ်စ်တင်ပြီး တစ်နာရီကြာသည့်တိုင်အောင် တုံ့ပြန်မှတ်ချက် တစ်စုံတစ်ခုမျှ မပေါ်လာသေးပါ။

ဒူးလေးပါတီဥက္ကဌက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လီဆူရေးရာဝန်ကြီး (ကချင်) နေရာမှာ ယှဉ်ပြိုင်အနိုင်ရထားသူဖြစ်ပြီး၊ အန်အဲလ်ဒီအစိုးရလက်ထက် UPDJC တွင်ပါဝင်ခဲ့သလို၊ တပ်မတော်က စီစဉ်ခေါ်ယူသော ပါတီအစည်းအဝေးများကိုလည်း တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *