မြန်မာဒုက္ခသည်များအတွက် ထိုင်းအသင့်ပြင်ပြီ …

မြန်မာ့မြေက အာဏာသိမ်းစစ်ကောင်စီရဲ့ နှိပ်စက်မှုများမှ လွတ်မြောက်ရန် ထိုင်းဘက်သို့ထွက်ပြေးလာသူများ ခိုလှုံနေထိုင်ရန် ထိုင်းအစိုးရက နေရာများပြင်ဆင်နေပြီဟု သိရပါတယ်။

မြန်မာနိုင်ငံနယ်နမိတ်နှင့် ထိစပ်နေသော မဲဆောက်၊ သာဆောင်ယန်၊ မဲရာမတ်နှင့် ဖော့ဖရာခရိုင်ရှိ ဧရိယာ ခုနစ်ခု နှင့် ဘုရားသုံးဆူဂိတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကန်ချနာဘူရီတို့တွင် ဒုက္ခသည်လက်ခံရေး ပြင်ဆင်နေတာဖြစ်ပါတယ်။

အမည်မဖော်လိုသော လေ့လာသုံးသပ်သူတစ်ဦးက “ပစ်ခတ်ဖို့ အချိန်နီးကပ်လာပြီ”ဟု မှတ်ချက်ပြုပါတယ်။ အရင်က သူတု့ိပါဝင်ခဲ့သော စစ်ပွဲအတွေ့အကြုံအရ အမေရိကန်လို အင်အားကြီးနိုင်ငံများ၊ လူ့အခွင့်အရေးအလေးထားသော နိုင်ငံများအနေဖြင့် ပရမ်းပတာ ပစ်ခတ်ပြီးထားရစ်ခဲ့တာမျိုး မရှိဘဲ၊ စစ်အတွင်း ခိုလှုံရာနေရာနှင့် ရိက္ခာများပြင်ဆင်ခြင်း နှင့် စစ်အပြီးပြည်လည်ထူထောင်ရေးအထိပါ ပြင်ဆင် ထားလေ့ရှိသောကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *