CDM လှုပ်ရှားမှုမှာ မပါဝင်သူများသာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ကြောင်း CRPH ကကြေညာ

——————————————
နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (က)၊ နှင့် (ဆ) ပါ ပြဌာန်းချက်များအား CRPH က အနက်ဖွင့်ဆိုလိုက်ပြီး၊ CDM လှုပ်ရှားမှုမှာ မပါဝင်သူမျာသားသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ကြောင်း CRPH ယနေ့ ၇၊ မတ်လ၊ ၂၀၂၁ တွင်ကြေညာလိုက်ပါတယ်။

CRPH ထုတ်ပြန်ချက်ထဲတွင် အောက်ပါအတိုင်းဖွင့်ဆိုထားပါတယ်။
” နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀။ ပုဒ်မခွဲ (က) အရ နိုင်ငံ့ဝန်ထမ်းများသည် “ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း” ဆိုသည်မှာ ပြည်သူက ဒီမိုကရေစီနည်းလမ်းအရ တရားဝင်ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ စီမံ အုပ်ချုပ်သည့် နိုင်ငံတော်ကိုသာ ကျေးဇူးသစ္စာ စောင့်သိရိုသေရန်ဖြစ်သည်။ တရားမဝင် အာဏာသိမ်း စစ်ကောင်စီက ဥပဒေမဲ့ အာဏာလုယူ စီမံအုပ်ချုပ်နေသည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရန် မလိုအပ်ပါ။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀။ ပုဒ်မခွဲ (ဆ) အရ နိုင်ငံ့ဝန်ထမ်းများ “ ပါတီနိုင်ငံရေး ကင်းရှင်းရမည်” ဆိုရာတွင် CDM လှုပ်ရှားမှု ဆောင်ရွက်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန် ခြင်းသာ ဖြစ်ပြီး ပါတီအဖွဲ့အစည်းတစ်ခုခု၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် ယင်းပြဌာန်းချက်နှင့်လည်း ငြိစွန်းမှုမရှိပါ။ “

အာဏာလု စစ်အစိုးရ တစ်ဖြစ်လဲ အကြမ်းဖက်အုပ်စုသည် CDM ဝန်ထမ်းများကို ဦးစားပေး ဖမ်းဆီးမည်ဖြစ်ပြီး၊ ထို့နောက်တွင် သပိတ်တွင်ပါဝင်သူများကို ဖမ်းဆီးမည်ဟု သတင်းကျယ်လောင်စွာ ထွက်ပေါ်နေပါတယ်။

ရန်ကုန်မြို့နေလူထုသည် အထုပ်အပိုးကိုယ်စီဖြင့် ကား၊ တက္ကစီတို့ဖြင့် မြို့ပြင်သို့ စံချိန်တင် ပြောင်းရွှေ့နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *