စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင် ပြည်သူ့မေတ္တာခံယူဖို့ လူလုံးထွက်ပြရန် မော်လမြိုင် PDF စိန်ခေါ်

ယေနေ့ မာ်လမြိုင် ရောက်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်သူ့မေတ္တာခံယူဖို့အတွက် လူလုံးထွက်ပြပေးရန် မော်လမြိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ PDF က တောင်းဆိုလိုက်ပါတယ်။

“တပ်ပိုင်သတင်းဌာနများနဲ့ စစ်ကောင်စီပြန်ကြားရေးပိုင်းမှ မကြာခဏဆိုသလို ထုတ်ပြန်လေ့ရှိသော တပ်ထောက်ခံပြည်သူသန်း ၄၀ တွင် ကျွန်တော်တို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ မြို့နေပြည်သူများလည်း အပါဝအင်ဖြစ်သည်ဟု ယုံကြည်လျှင် ပြည်သူ့ရှေ့မှောက်သို့ ပြည်သူ့မေတ္တာခံယူနိုင်ရန် လူလုံးထွက်ပြစေလိုပါသည် ” ဟု မော်လမြိုင် PDF အဖွဲ့က ဇွန်လ ၁ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်‌ကို သံလွင်တံတား ( ချောင်းဆုံ) ဟု တံတားအမည်ပြောင်းပွဲကို လုံခြုံရေးအင်အား ၁၀၀ ၀ ကျော်နဲ့ တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *