ဦးရွှေမင်းရဲ့ ဖေ့စ်ဘုတ် ပရိုဖိုင်းပဟေဠိ

ဇွန်လ ၁ ရက်နေ့၊ ညနေ ၈ နာရီအချိန်မှာ လီဆူအမျိုးသား တိုးတက်ရေးပါတီဥက္ကဌ ဦးရွှေမင်းရဲ့ဖေ့စ်ဘုတ် ပရိုဖိုင်းမှာ မြှားတံတပ်၊ လေးကြိုးတင်ထားတဲ့ ပစ်ခတ်ဖို့ အသင့်အနေအထား ဒူးလေးပုံကို တင်လိုက်ပါတယ်။

သူဦးဆောင်နေတဲ့ ဒူးလေးပါတီအလံမှာ ကြယ်ဖြူတစ်ပွင့်ဆီသို့ မျက်နှာမူထားသည့် ဒူးလေးပုံသာဖြစ်ပြီး၊ မြှားတံမပါရှိသလို၊ လေးကြိုးတင်ထားခြင်းလည်း မရှိပါ။

အခုလို ကာလမှာ သူ့ဦးဆောင်မှုအောက်မှာ တစ်စုံတစ်ရာ အပြောင်းအလဲ ဆုံးဖြတ်လုပ်ကိုင်တော့မလားလို့ စောင့်ကြည့်သူများက တွေးဆနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *