wireless broadband internet လိုင်းမျာ ပိတ်ပစ်ဖို့ စစ်ကောင်စီဖုန်းဆက်ညွှန်ကြား

ဧပြီ ၁ ရက်နေ့မှာ၊ မြန်မာနိုင်ငံရှိ လက်ရှိအသုံးပြုနေတဲ့ wifi Wireless Broadband အင်တာနက်ဝန်ဆောင်မူများအားလုံးကို ယနေ့မှစပြီး အကန့်အသတ်မရှိပိတ်ထားရန် စစ်ကောင်စီက ဖုန်းဆက်ညွှန်ကြားလာတယ်လို့ ဝန်ဆောင်မှုပေးနေတဲ့ ကုပဏီတစ်ခုက အတည်ပြုပါတယ်။

ဧပြီ ၁ ရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုဘိုင်းဒေတာ ဖြတ်တောက်မှု ၁၆ ရက်၊ ညဖက် အင်တာနက် ဖြတ်တောက်မှု ၄၄ ည၊ အများသုံး wifi ဖြတ်တောက်မှု ၁၄ ရက်၊ Online စာမျက်နှာများ ပိတ်ပင်မှု ၅၅ ရက်ရှိနေပြီဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲပတ်သက်ပြီး အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုပဏီများဘက်က တုံ့ပြန်ဖြေရှင်းချက် တစ်စုံတစ်ရာ ထွက်မလာသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *