ရမ်ပူက မီးဘေးသင့်သူများကို လီဆူညီအစ်ကိုများ ကူညီ

ယနေ့ဧပြီ ၁ ရက်နေ့မှာ ရမ်ပူက မီးဘေးသင့်မိသားစုများကို ရပ်ကွက်နေ လီဆူညီအစ်ကိုများက ကူငွေများ ပေးခဲ့တယ်လို့ သိရပါတယ်။

ရမ်ပူရပ်ကွက်မှာည မတ်လ (၃၀ ) ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ အိမ်ငှားမိသားစု လေးစု မှီတင်းနေထိုင်တဲ့ အိမ်တစ်လုံးကို မီးဘေးသင့်ခဲ့ပြီး ဆိုင်ကယ်လေးစီးနဲ့ အိမ်ရှိပစ္စည်းအားလုံးမီးထဲပါသွားခဲ့တာဖြစ်ပါတယ်။ အိမ်မီးလောင်နေစဉ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များက အိမ်အနီးမှာ ရှိနေခဲ့ပါတယ်။

မြစ်ကြီးနား၊ ရမ်ပူရပ်ကွက်ကတော့ လီဆူ၊ အန္ဒိယမျိုးနွယ်၊ ဗမာများ နေထိုင်ကြပြီး အချင်းချင်း ချစ်ခင်စောင့်ရှောက်ကြတဲ့ လူမှုအသိုင်းအဝန်းငယ်လေး တစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *