USA မှာ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနေပြီ

အမေရိကန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနေပြီ။ Pfizer နှင့် BioTech ဆေးကုမဏီကထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး ကို FDA (Food and Drug Admistration) က ကို ဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ကြေညာပြီးနောက် မနေ့က(Sunday) နေ့ကစပြီး Machican ပြည်နယ် ကိုဗစ်ကာကွယ်ဆေး ထုပ် ကုမဏီကြီးမှ ကန်ပြည်နယ်၅၀ ကို စတင်ဖြန့်ဝေရာမှာ နေရာ ပေါင်း ၆၃၆ နေရာကို စတင်ဖြန့်ဝေပေးနေပြီဖြစ်ပါတယ်။ ယနေ့(Monday) နေ့ မနက် ၉:၂၃ တွင် Newyork ပြည်နယ် Northwell Long Island Jewish Medical Center မှ ကျန်းမာရေးဆရာမ Sandra Lindsay ကို ပထမဦးဆုံးကာကွယ်ဆေးထိုးလက်ခံခဲပါတယ်လို့ ABC သတင်းမှာ ဖော်ပြထားပါတယ်။ Kentucky ပြည်နယ်မှာ လည်း ဒီမနက် ၉း၃၀ မှာ ကိုဗစ်ကာကွယ်ဆေးစရောက်ပြီး မနက် ၁၀း၃၀ တွင် ကျန်းမာရေးဆရာဝန်(၃) ယောက်နှင့် ကျန်းမာရေးဝန်ထမ်း (Nurses) (၂) ယောက်ကို စတင်ထိုးခဲ့ပါတယ် လို့ အေဘီစီ သတင်းမှာဖော်ပြထားပါတယ်။ ကိုဗစ်ကာကွယ်ဆေး ကို အသက် ၁၆ နှစ် အထက် ထိုးနိုင်ခွင့်ရှိပြီး လက်ရှိ President Donal Trump က ကန် ပြည်သူ အားလုံးကို အခမဲ့ ထိုးပေးသွားမယ်လို့ ပြောထားပါတယ်။ နိုင်ဝင်ဘာ (၃) ရက်နေ့ ကန် ရွေးကောက်ခံ Joe Biden ကလည်း ဒီကာကွယ်ဆေး ဟာစိတ်ချရသော ကာကွယ်ဆေးဖြစ်ပါတယ်။ ဆေး Scientists ပညာရှင်များက အကြိမ်ကြိမ် စစ်ဆေးတီထင်ထားတဲ့အတွက် ကန် ပြည်သူများစိတ်ချစွာ ဆေးထိုးကြပါလို့ Media တစ်ခုမှာ ပြောကြားထားပါတယ်။ ဒါပယ်မဲပြည်သူတစ်ချို့က ကာကွယ်ဆေးဘေးဆိုးကျိုး ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇ၀ီဇ၀ါဖြစ်နေသေးပါတယ်။ ဒီကာကွယ်ဆေးကို ဘယ်သူ့ကိုဦးစားပေး ထိုးမလဲဆိုတာကတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက စီစဉ်သောကြောင့် တစ်ပြည်နယ်နှင့်တစ်ပြည်နယ် တော့ ဦးစားပေးထိုးခြင်းတူမှာ မဟုတ်ပါဘူး။

ꓴꓢꓮ ꓗꓪ ꓠꓬꓲꓸ ꓠꓬꓲ ꓗꓪ ꓐꓰ ꓪꓴꓸ ꓔꓴ ꓢꓲꓸ ꓠꓯꓸꓹ ꓞꓲ ꓗꓸ ꓔꓬ ꓪ= ꓠꓰꓪꓬꓳꓣꓗ ꓗꓪ ꓔꓬ ꓟ ꓠꓯꓸꓹ ꓞꓲ ꓟꓸ ꓟ ꓕꓲ ꓣꓳ ꓔꓯ ꓠꓯꓸꓹ ꓞꓲ ꓗꓸ ꓪ ꓡꓰꓳ= ꓝꓸ ꓢꓲꓸ ꓠꓬꓲ ꓗꓰꓠꓔꓴꓚꓗꓬ ꓢꓔꓮꓔꓰ ꓗꓪ ꓥ_ ꓟꓲ ꓠꓯꓸꓹ ꓞꓲ ꓟꓬꓱꓽ ꓬꓰ ꓢꓴ (5) ꓣꓳ ꓔꓯ ꓗꓸ ꓪ ꓡꓰꓳ ꓐꓰ ꓢꓷꓸ ꓪ ꓡꓳ= ꓠꓯꓸꓹ ꓞꓲ ꓕꓱ ꓟ ꓔꓯ ꓠꓬ ꓴꓢꓮ ꓗꓪ ꓔꓬ ꓢꓴ ꓮ ꓙꓵ ꓔꓯꓸ ꓬꓲꓸ ꓒꓵ ꓟ ꓣꓴ ꓣꓴ ꓗꓸ ꓖꓶ ꓠꓹ ꓟ ꓥꓳ ꓐꓰ ꓗꓴꓷꓼ ꓙꓵꓽ ꓪ ꓔꓲ ꓓꓳꓠꓮꓡ ꓔꓣꓴꓟꓑ ꓡꓰ ꓐꓯ ꓔ ꓟ ꓙꓳ ꓡꓳ=

Leave a Reply

Your email address will not be published. Required fields are marked *