NUG နှင့် CNF နှစ်ဖက်သဘောတူညီချက် လက်မှတ်ထိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြား အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို ယနေ့ မေလ ၂၉ ရက်တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

နှစ်ဖက်သဘောတူညီချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ နိုင်ငံတော် ဒုတိယ သမ္မတကြီး ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးများ နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဥက္ကဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများမှ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာ NUG နှင့် KPICT တို့လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *