NUG နဲ့ဆွေးနွေးဖို့ အသင့်ရှိဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဆို

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က စစ်ကောင်စီအကြီးအကဲအကြောင်းသုံးသပ်မှုအပြင်၊ မြန်မာ့အရေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အသင့်ရှိ‌နေပါကြောင်း မေလ ၁ ရက်နေ့မှာ သူ့တွဒ်တာလူမှုကွန်ယက်ကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က အာဆီယံက မြန်မာ့အရေး‌ဆွေးနွေးပွဲ တစ်ရပ်ကို စွန့်စွန့်စားစား လုပ်ဆောင်ခဲ့ပါတယ်။ ဒါကို မင်းအောင်လှိုင်က ဝါဒဖြန့်ချိရေးအဖြစ် အသုံးချသွားပါတယ်။ တကယ်တော့ သူ့နေရာမဟုတ်ဘဲ၊ သူ့ကို တရားဝင်ခေါင်းဆောင်အဖြစ် မြင်လာဖို့ ကြိုးစားခဲ့တာပါ။ သတင်းကောင်း တစ်ခုပေးချင်ပါတယ်။ အဲ့ဒါကတရားဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အသင့်ရှိ‌နေပါတယ်။ “

Leave a Reply

Your email address will not be published. Required fields are marked *