လီဆူအနုပညာရှင် ယောတီဖာ ထောင်တွင်းက စာရေးပို့လာ

မတ်လ ၃၀ ရက်နေ့မှာ လီဆူအနုပညာရှင် ယောတီဖာရဲ့ ထောင်တွင်းကရေးပို့လိုက်တဲ့စာ ပထမဦးဆုံးအကြိမ် လက်ခံရရှိတယ်လို့ သူ့သူငယ်ချင်းက ပြောဆိုလိုက်ပါတယ်။

“Bro ယောတီဖါရဲ့ စာပထမဆုံးအကြိမ်ရရှိပါတယ်။ ရေးသမျှစာမရပါဘူး။ 7. 5. 2021ရုံးချိန်းပါတဲ့။ Bro ယောတီဖါအတွက်ရေရှည် ဝန်းရံကူညီကြဖို့တောင်းဆိုချင်ပါတယ်။ ကျွန်တာ်တို့လည်း အစဖမ်းခံရကတည်းက စောင့်ကြည့်လိုအပ်တာလေးတွေပို့ပေးနေပါတယ်။ #ဒီစာလက်ခံရရှိတဲ့နေ့က 30.4.2021ပါ လိူင်းမရတဲ့နေရာခနသွားနေရလို့ဒီနေ့မှတင်လိုက်တာပါ။လိုအပ်တာတွေကိုတော့ထပ်ပြီးပို့ပေးထားပါပြီ။” လို့သူ့သူငယ်ချင်းက လူမှုကွန်ယက်မှာ စာတင်ထားပါတယ်။

စာထဲမှာ အနုပညာရှင် ကိုယောတီဖာတစ်ယောက် ထောင်တွင်းမှာ ချောင်းဆိုးပြီးနေမကောင်း ဖြစ်နေတဲ့အကြောင်း၊ မိခင်ရဲ့ကျန်းမာရေးနဲ့ အပြင်က သတင်းတွေလည်း သိချင်တဲ့အကြောင်းရေးပို့ထားပါတယ်။

” ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ စားစရာမုန့်၊ ဟင်းအကြော်အလှော် ပို့ပေးပါ။ အမေကျန်းမာရေးကောင်းလား မေးပေးပါ။ မြစ်ကြီးနားမှာရှိတဲ့ သူငယ်ချင်းအားလုံးကိုလည်း ပြောပေးပါ။ ကျွန်တော် ကျန်းမာရေးသိပ် မကောင်းဘူး။ ချောင်းဆိုးနေမကောင်းဖြစ်တယ်။ အကုန် အဆောင်တွေနဲ့ အတူနေရတယ်။ ရှေ့နေပါဝါယူထားပြီးပြီ။ ရှေ့နေမှတစ်ဆင့် စာပို့ပေးပါ။ ညအိပ်ဝတ် ဘောင်းဘီ အပါးပို့ပေးပါ။ ကြမ်းပိုးအရမ်းကိုက်တယ်။ အထဲမှာ နေရတာ အဆင်မပြေဘူး။ အိမ်နဲ့ အပြင်က သတင်းသိချင်တယ်။” လို့ A4 စာရွက်တစ်ပိုင်းမှာ ဘောပဲန်လေးနဲ့ ရေးထားပါတယ်။

လီဆူအနုပညာရှင် ကိုယောတီဖာက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား ပြောရဲဆိုရဲရှိသူ တစ်ဦးဖြစ်ပြီး၊ မြစ်ကြီးနားမှာ ရှိနေစဉ် ဒလံတွေရဲ့သတင်း ပေးအကူအညီနဲ့ ၂၀၂၁ နှစ်၊ ဖေဖော်ဝါရီလ ၂၈ ညသန်းခေါင်ယံမှာ အဖမ်းခံခဲ့ရကာ မတ်လ ၃ ရက်နေ့မှာ မြစ်ကြီးနားထောင်သို့ ပို့လိုက်တာဖြစ်ပါတယ်။ ကိုယောတီဖာကို တရားလို ဒုရဲအုပ် ရှိန်းနောင်နောင်က ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပြီး၊ သူ့ရဲ့ထောင်တွင်းက ပေးစာအရ၊ နောက်တစ်ကြိမ်ရုံးချိန်းက မေလ ၇ ရက်နေ့လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *