အရှုံး(Loser)

နွေဦးမှာ လေရူးတိုက်တယ်ကိုဗစ်ကတစ်မျိုး အရူးကတစ်မျိုးမျက်စိပိတ်၊ နားပိတ်၊ အားလုံးပိတ်အားလုံးအရှုံး။ ကိုဂျေ၁၊ ဖေဖော်ဝါရိ၊ ၂၀၂၁

အပျိုစင်အပြုံးနဲ့ နမ်ထွမ်ခူး

ဟိမဝန္တာအရှေ့ဖျားပူတာအိုရဲ့ အနောက်စူးစူးစိမ်းညို့ညို့တောင်တန်းကြားနမ်ထွမ်ချောင်းဘေးရွာတန်းရှည် ကလေးချစ်သော နမ်ထွမ်ခူး။တရံတခါကရှမ်းတို့ရဲ့နယ်မြေလီဆူတွေ မြေတောင်းပြီးရွာတည်တည်ထောင်သူ အာဒီးဝါဖူးချစ်ကြည်ဖြူ ရှမ်းတို့အမည်မပြောင်းပဲသစ္စာထားနမ်ထွမ်ချောင်းရယ်နမ်ထွမ်ခူးရယ်ကျေးဇူး ဘယ်မမေ့၊သမိုင်းမှန် ဘယ်မရွေ့မေတ္တာတွေ ကမ္ဘာတည်သရွေ့။ ပူတာအိုက ၁၂ မိုင်ခရီးဟိုတုန်းက တောခရီးကြမ်းအဆင်းအတက်ကြမ်းပါဘိသနဲ့ချော်လည်းချော်ကျွတ်လည်းကပ်အထက ကျောင်းသားဘဝတစ်ပတ်စာ ရိက္ခာ…