ရပ်တည်ချက် Position

Poem: Oppose Military dictator

စစ်အာဏာရှင်၊ အာဏာရူးတွေကို ဆန့်ကျင်ကြ
သေနတ်ပြောင်းဝတေ့ထားခံရတဲ့ ဘဝကလွတ်ဖို့
ရွံရှာစရာ အလိမ်အညာတွေနဲ့ နားမုဒိမ်းကျင့်တာလွတ်ဖို့
မမှန်တဲ့ သက်သေတွေ မထွက်ဆိုမိစေဖို့ …
အနာဂတ်တွေ မသေဆုံးစေဖို့ ….

ခိုင်းမှလုပ်တာနွား၊ စဉ်းစားတတ်တဲ့လူ
တရားမျှတမှု နဲ့ လွတ်လပ်မှုကို ဖော်ထုတ်ဖို့လိုတယ်
ပြည်သူတွေ ကျောချင်းကပ်ထား
အားလုံးကခေါင်းဆောင်ပဲ
ထောင်မဆံ့အောင်လုပ်မယ်
ဖမ်းမရအောင် ပြည်သူ့အားနဲ့ ဖိမယ်
အမိန့်လာမပေးနဲ့။

ဒါက ဘဝပေးတာဝန်ဖြစ်လာတယ်
ဒါက အမျိုးသားရေးတာဝန်ပါပဲ
ဒီနွေဦးမှာတော့
သမိုင်းသစ်တွေ ဆက်ရေးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *