မီနီဆိုးတားက စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ

မီနီဆိုးတားကလူပေါင်း ၂၀၀၀ ကျော်တက်ရောက်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲကို မတ်လ ၁၃ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

“မီနီဆိုးတား ရောက်နေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသား ၂၀၀၀ ကျော်တက်ရောက်ပါတယ်။ ကရင်၊ ချင်း၊ လီဆူ၊ ကရင်နီ၊ ရှမ်း၊ ဗမာ စသည်ဖြင့် ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံသားတွေလည်း အများကြီးပါဝင်ပေးတယ်။ မီနီဆိုးတားပြည်နယ်က ဆီးနိတ်တာ ၂ ယောက် (အထက်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး) ရဲ့ သဝဏ်လွှာကို ဖတ်တယ်။ ၈၈ ကျောင်းသားဟောင်းတွေကလည်း စကားပြောကြတယ်။ နောက်ဆုံးမှာ မီနီဆိုးတား ပါလီမန်အဆောက်အဦး ရှေ့ကွင်းပြင်မှာ သီချင်းဆိုကြ၊ ကြွေးကြော်ကြ လုပ်ကြပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ရှုတ်ပွဲမှာပါဝင်ရတာ ကျေနပ်တယ်။ မြန်မာပြည်က လူတွေနဲ့ တစ်သားတည်းရှိတယ်လို့ ဖော်ပြနေတာပါ။ တစ်ချိန်လုံးလည်း ကိုယ့်မွေးမြေရပ်၊ ကိုယ့်ဆွေမျိုးတွေရှိရာကို လွမ်းတာပဲ။ လွမ်းလည်းလွမ်းသလို စစ်အစိုးရကိုလည်း နာကျည်းပါတယ်” လို့ စစ်အစိုးရဆန့်ကျင် ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဆရာဦး ရားနီက ပြောပြပါတယ်။

မတ်လ ၁၃၊ ၂၀၂၁

photo credit: “songs river” Facebook account

Leave a Reply

Your email address will not be published. Required fields are marked *