ရုရားမှ စစ်ပစ္စည်းသယ်လာမည့် လေယာဉ် နေပြည်တော်သို့ ဆိုက်မည်

ရုရှားနိုင်ငံ မှ (IL-76) အမျိုးအစား လေယာဉ်သည် မော်စကို မြို့မှ မတ်လ ၁၉ ရက်တွင် နေပြည်တော် လေဆိပ်သို့ စစ်ရေးပစ္စည်းများ တင်ဆောင်ဆိုက်ရောက်မည်ဟု နေပြည်တော် အသိုင်းအဝန်းက သိရပါတယ်။

လေယာဉ်ပေါ်တွင် စနိုက်ပါ ရိုင်ဖယ် သေနတ်များ၊ ပြန်လည် မွမ်းမံထားသည့် MIG-29 တိုက်လေယာဉ် အင်ဂျင် (၂) လုံးနှင့် ဗုံးစနက်တံ ၂၆၀ လုံး ပါ၀င် သယ်ဆောင်လာမည်ဟု သတင်းရပါတယ်။

ရုရားသည် မြန်မာနိုင်ငံနှင့်စစ်ဘက်ဆိုင်ရာ နီးစပ်သော နိုင်ငံဟု လူသိများကြပြီး၊ ယူအဲန်တွင် မြန်မာဘက်က ခုခံပြောဆိုပေးလေ့ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *