ꓟꓰꓹ-ꓮꓳ-ꓡꓮꓲꓽ ꓠꓰ ꓘꓴ ꓩꓴ ꓡ ꓠꓬꓲ ꓗꓴꓷꓼ ꓜꓴ ꓝꓲ ꓓꓴ ꓟꓬ-ꓟ ꓗꓪ ꓡ ꓓꓴ ꓙꓽ ꓖꓶꓽ ꓔꓬ

ꓟꓬ-ꓟ ꓟꓯꓼ ꓗꓳ-ꓢꓰ ꓧꓳꓽ ꓢꓴ ꓟꓰꓹ-ꓮꓳ-ꓡꓮꓲꓽ ꓠꓰ ꓘꓴ ꓩꓴ ꓡ ꓠꓬꓲ꓾ ꓟꓬ-ꓟ ꓐꓱ ꓶ ꓟꓲ ꓠꓯ ꓗꓴꓷꓼ ꓜꓴ ꓝꓲ ꓓꓴ ꓠꓳꓸ-ꓡꓲꓹ ꓦꓯꓹ-ꓤ (Noeleen Heyzer) ꓟꓬ-ꓟ ꓗꓴꓷꓼ ꓗꓪ ꓡ ꓓꓴ ꓙ ꓖꓶꓽ ꓔꓬ ꓡꓳ꓿

ꓠꓳꓸ-ꓡꓲꓹ ꓦꓯꓹ-ꓤ ꓠꓬ ꓢꓱꓼ-ꓜꓲ-ꓡ ꓗꓴꓷꓼ꓾ ꓓ-ꓪꓳ ꓡꓳ ꓒꓱ (Davos) ꓗꓪ ꓮ-ꓢꓰ-ꓬ ꓜꓴ ꓢꓽ ꓡ ꓙꓵꓽ ꓧꓳ-ꓢ ꓔꓯˍ ꓟꓲ ꓜꓲ ꓡꓯ ꓘꓳ ꓓꓳ ꓡꓰꓳ꓿

ꓟꓬ-ꓟ ꓟꓯꓼ ꓠꓬ ꓠꓳꓸ-ꓡꓲꓹ ꓦꓯꓹ-ꓤ ꓔꓯ ꓮ-ꓢꓰ-ꓬ ꓜꓴ ꓖꓪ ꓙꓱ ꓜꓲꓼ ꓓꓴ ꓗꓪ ꓟꓽ ꓔꓺ ꓝꓲ ꓠꓹ ꓟ ꓒꓳꓹ ꓔꓳꓹ ꓠꓬꓲ ꓥ ꓟꓲ꓾ ꓮ ꓟꓶ ꓠꓬ ꓮ ꓫꓵꓽ ꓕꓲ ꓟ ꓑꓶꓸ ꓓꓴ ꓘꓳ ꓣꓴ ꓓꓴ ꓢꓪꓼ ꓓꓳ ꓡ ꓟꓽ ꓢꓷꓸ꓿

ꓠꓳꓸ-ꓡꓲꓹ ꓦꓯꓹ-ꓤ ꓡ ꓐꓷˍ ꓠꓬ ꓟꓬ-ꓟ ꓗꓴꓷꓼ ꓙꓵꓽ ꓪ ꓔꓯ ꓟꓯꓼ ꓠꓰ ꓣꓴ ꓙꓰ ꓕꓲ ꓠꓬꓲ ꓗꓪ ꓐꓰ ꓟꓲ ꓠꓯ ꓗꓴꓷꓼ ꓜꓴ ꓟꓴ ꓕꓲꓸ ꓙꓵꓽ ꓪ ꓙꓳ ꓢꓴ ꓕꓲ ꓣꓳ ꓟꓬ-ꓟ ꓗꓴꓷꓼ ꓗꓪ ꓬꓲꓸ ꓪꓴꓸ ꓕꓲꓽ ꓧꓪꓹ ꓓꓵꓽ ꓡ ꓟ ꓒꓬꓱꓼ ꓡ ꓥꓳ꓿

စစ်ခေါင်းဆောင် ဖိတ်ကြားမှုကြောင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရန် ပြင်ဆင်

ဧရာဝတီ၊ မေ ၂၈၊ ၂၀၂၂

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ (Noeleen Heyzer) ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ကြားလိုက်သည့်အတွက် မြန်မာနိုင်ငံကိုလာရန် ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ မလာရောက်ခင် မစ္စနိုလင်းဟေဇာသည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဆွစ်ဇာလန်နိုင်ငံ Davos တွင် မေ ၂၂ ရက်မှ ၂၆ ရက်ထိ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးညီလာခံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများက ဖော်ပြရေးသားခဲ့ကြသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး သဘောထားအမြင် မည်ကဲ့သို့ရှိသည်ကို သိရှိရန်အတွက် တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံတကာမျက်နှာစာတွင် သံတမန်ဆက်ဆံရေးအရ ပယ်ခံလာရသည့်အခါ ယခင်က အတားအဆီးများ ပြုလုပ်ခဲ့သည့် မစ္စနိုလင်းဟေဇာကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်လာရခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ပြီးခဲ့သည့် မေလအတွင်းက ပြုလုပ်ခဲ့သော အာဆီယံအတိုင်ပင်ခံ အစည်းအဝေးတွင်လည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို တက်ခွင့်မပြုရန် မြန်မာစစ်ကောင်စီက ကန့်ကွက်ခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် စင်ကာပူနိုင်ငံသူ လူမှုသိပ္ပံပညာရှင် မစ္စနိုလင်းဟေဇာကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ခန့်အပ်ထားခြင်းဖြစ်ပြီး နိုလင်းဟေဇာ အနေဖြင့် ယခုတခေါက် မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုပါက စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ၁ ဦး လာရောက်မည့်ခရီးစဉ် ဖြစ်သည်။

ပုံစာ – မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ / United Nations Myanmar

#WhatsHappeningInMyanmar
#RejectMilitaryCoup

Leave a Reply

Your email address will not be published. Required fields are marked *