အာဏာသိမ်းစစ်အစိုးရ၏ ငွေတိုက်စာချုပ် ရောင်းမည့်ကိစ္စအား CRPH ကန့်ကွက်

အာဏာသိမ်းစစ်အစိုးရ၏ ငွေတိုက်စာချုပ် ရောင်းမည့်ကိစ္စအား CRPH ၏ သတင်းထုတ်ပြန်ချက် အမှတ် (၄) ဖြင့် ကန့်ကွက်ကြောင်း ယနေ့နေ့စွဲဖြင့် အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းကောင်စီမှ ရောင်းချသည့် ငွေတိုက်စာချုပ်များ တရားမဝင်ကြောင်းသတင်းထုတ်ပြန်ချက်
=================
၁။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီက ငွေတိုက်ဦးစီးဌာန စည်းတံဆိပ်ဖြင့် အစိုးရငွေတိုက်စာချုပ်များ ဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းဆိုင်ရာကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

၂။ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အသုံးပြုနိုင်သည့် တရားဝင်သည့် အဖွဲ့အစည်း မဟုတ်သည့်အတွက်ငွေတိုက်စာချုပ်များ ရောင်းချခြင်း အပါအဝင် မည်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းကိုမျှ လုပ်ပိုင်ခွင့် မရှိပါ။

၃။ မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသော တရားဝင် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ဖြစ်သည့်အပြင် ပြည်တွင်း၊ ပြည်ပ တရားဝင်မှု ရရှိထားသော အဖွဲ့အစည်းဖြစ်ပါသည်။

၄။ အာဏာသိမ်းစစ်ကောင်စီက အစိုးရငွေတိုက်စာချုပ်များ ရောင်းချခြင်းကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကန့်ကွက်ပါကြောင်းနှင့် လုပ်ငန်းရှင်များကလည်း ဝယ်ယူခြင်းမပြုကြပါရန် အသိပေးပါသည်။

၅။ ဝယ်ယူမည်ဆိုပါက ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲ ဆုံးရှံးမှုများသည် ဝယ်ယူသူများ၏ တာဝန်သာဖြစ်ပါကြောင်းနှင့်ပြည်သူ့အစိုးရက တာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *