မြန်မာနိုင်ငံအနှံ့ ကားအများဆုံးပျက်သောနေ့

News: The most car crash day in Myanmar.

ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ လမ်းမကြီးများပေါ်တွင် ကားအများဆုံးပျက်သောနေ့အဖြစ် သမိုင်းတွင် သွားပါတယ်။

ကားသမားများအားလုံးက လမ်းဆုံလမ်းခွများတွင် ကားပျက်သည်ဟုဆိုကာ ကားဘိုးနပ်များဖွင့်ကာ စီတန်းရပ်နားထားကြသည်။ ထို့ပြင် တစ်ချို့နေရာများတွင် စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်ကားသမားများလည်း ပါဝင်ခဲ့ပြီး၊ ဆိုက်ကားများကို မှောက်လှန်ထားသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့သော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုများကို နိုင်ငံတဝှမ်းတွင် ပြည်သူများ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဆက်တိုက် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ အာဏာသိမ်း စစ်အစိုးရကလည်း ( နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ) မြန်မာပြည်သူလူထု သန်းပေါင်း ၄၀ က သူတို့ကို ထောက်ခံကြောင်း ကြေညာထားသည်။




Leave a Reply

Your email address will not be published. Required fields are marked *