အာဏာရှင်မပါတဲ့ မနက်ဖြန်

နွေဦးတော်လှန်ရေးပြီးတဲ့တစ်နေ့
အာဏာရှင်မပါတဲ့ မနက်ဖြန်မှာပေါ့။

ချစ်တဲ့ အင်ခိုင်ဘွမ်တောင်ခြေမှာ
မနောကရင်း အောင်ပွဲခံမယ်

ချစ်တဲ့ ကယားတို့ဌာနေ
ငွေတောင်ဆည်မှာ အောင်ပွဲခံမယ်

ချစ်တဲ့ဇွဲကပင် တောင်ခြေမှာ
ဒုံးယိမ်းလေးနဲ့ အောင်ပွဲခံမယ်

ချစ်တဲ့ခေါနူးသွမ်မှာ
ဝါးညှပ်အကနဲ့ အောင်ပွဲခံမယ်

ချစ်တဲ့စက်စဲကမ်းခြေမှာ
အပမ်းဖြေရင်း အောင်ပွဲခံမယ်

ချစ်တဲ့အညာမြေမှာ
ဦးရွှေရိုးအကနဲ့ အောင်ပွဲခံမယ်

ချစ်တဲ့ငပလီကမ်းခြေမှာ
အပန်းဖြေရင်း အောင်ပွဲခံမယ်

ချစ်တဲ့ရှမ်းတို့ရိုးမမှာ
ရှမ်းအိုးစည်လေးနဲ့ အောင်ပွဲခံမယ်

အာဏာရှင်မပါတဲ့ မနက်ဖြန်
လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်း … ချစ်ခြင်းတွေအပြည့်

ဒီတစ်ခါ ချော့တိုင်းမပျော့၊ ခြောက်တိုင်းမကြောက်
ညီအစ်ကိုတွေ တကယ် ညီမယ်ဆိုရင် …

နွေဦးကိုကို
၁၂၊ မတ်လ၊ ၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *