အင်းစိန်နံ့သာကုန်း ကရင်ဘုရားကျောင်းထဲ ရဲဝင်စီး၊ ဖမ်းခံရသူ၊ ရာဘာကျည်ထိသူရှိ

ယနေ့ မတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်တွင် အင်းစိန်မြို့နယ်နံ့သာကုန်း ဘုရားကျောင်းအတွင်း ရဲဝင်စီးပြီး၊ ဖမ်းခံရသူ၊ ရာဘာကျည်ထိသူရှိကြောင်းသိရပါတယ်။

ရဲများ လိုက်လံဖမ်းဆီးသဖြင့် ဆန္ဒပြလူငယ်များ ဘုရားကျောင်းအတွင်းသို့ ပြေးပြီးဝင်ရောက်ခဲ့ရာ၊ လူငယ် ၇ ဦးထက်မနည်းအဖမ်းခံရပြီး၊ အခင်းဖြစ်နေချိန်မှာ ဆန္ဒပြလူငယ်လေးတွေကို ကာကွယ်ပေးဖို့ ထွက်လာတဲ့ ဒေါက်တာအောင်မိုးကလည်း ခြေထောက်မှာ ရာဘာကျည် ထိမှန်ခဲ့ပြီး၊ အခြားသူများလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

“ကလေးတွေက နံ့သာကုန်း ဘုရားကျောင်းထဲ ဝင်ပြေးတာ အဲ့မှာ ၇ ယောက်လောက် အနည်းဆုံးအဖမ်းခံရတယ်။ မိန်းကလေးလည်းပါတယ်။ ဒေါက်တာအောင်မိုးလည်း ခြေထောက်ထိတယ်။ မဖောသာလည်း ခေါင်းထိသွားတယ်။ မောင်အားကွေ့လည်း ရာဘာကျည် ၃ ချက်ထိတယ်။ မျက်စိမှာ ထိတဲ့သူတွေလည်း ရှိတယ်။ အခုလေးတင်ပဲဖြစ်သွားတာ။ လမ်းကြိုလမ်းကြားတွေမှာတော့ အတားအဆီး သဲအိတ်တွေ ကာနေကြပါတယ်။ လုံး၀ မလုံခြုံတော့ဘူး။ မဲမဲမြင်ရာ ပစ်နေတာ။” လို့မျက်မြင်တစ်ဦးက ပြောပါတယ်။

အင်းစိန်မြို့နယ်ရှိ တောင်သူကုန်းနှင့် နံ့သာကုန်း ရပ်ကွက်များအတွင်း ပြည်သူလူထုရဲ့ လုံခြုံရေး စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပါတယ်။

ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တိုင်းပြည် အာဏာသိမ်းယူခဲ့တဲ့ စစ်အုပ်စုက တိုင်းပြည်အနှံ့ ဒလံများရဲ့အကူ အညီနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူများကို အိမ်တိုင်ယာရောက် ဖမ်းဆီးမှုများ အရှိန်မြှင့်တင် လုပ်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *