ရေလှုံအိုးခွဲသပိတ်

ကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ မုံရွာ နှင့် မိုးကုတ်ဒေသခံများက စစ်ကောင်စီဥက္ကဌနဲ့ အပေါင်းပါတို့အတွက် ရည်စူးပြီး ရေလှုံအိုးခွဲသပိတ် ဆင်နွှဲလိုက်ပါတယ်။

ယနေ့ဧပြီ ၂၄ ရက်နေ့မှာ မြန်မာ့အရေးသီးသန့်ဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ယနေ့ကျင်းပနေပြီး၊ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်လည်း တက်ရောက်မယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာတော့ စစ်ကောင်စီရဲ့ သေနတ်ထောက်အုပ်ချုပ်မှုကို လုံးဝလက်သင့်မခံကြောင်း ပြည်သူများ ဆန္ဒပြနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *