မြန်မာနိုင်ငံဆိုင်ရာ G7 နိုင်ငံခြားရေးဝန်ကြီးများ၏ထုတ်ပြန်ကြေညာချက်

Press Release:

G7 Foreign Ministers’ Statement on Burma.

မြန်မာနိုင်ငံဆိုင်ရာ G7 နိုင်ငံခြားရေးဝန်ကြီးများ၏ထုတ်ပြန်ကြေညာချက်

ငြိမ်းချမ်းစွာဆန္ဒပြခြင်းအပေါ် မြန်မာနိုင်ငံ၏လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်မှုကျူးလွန်ခြင်းအား ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသည့် မိမိတို့နှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်ကြီးက ပြင်းပြင်းထန်ရှုတ်ချပါသည်။ အသက်ဆုံးရှုံးရမှုများတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရသည့်အကြောင်း ပြောကြားလိုပါသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့အနေဖြင့် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေကိုလည်း လေးစားလိုက်နာရပါမည်။ လက်နက်မဲ့ ပြည်သူများအပေါ် ကျည်ဆံအစစ်အသုံး၍ပစ်ခတ်ခြင်းကို လက်ခံနိုင်စရာအကြောင်းမရှိပါ။ ငြိမ်းချမ်းစွာဆန္ဒပြခြင်းအပေါ် အကြမ်းဖက် တုံ့ပြန်သည့်မည်သူမဆိုယင်းအတွက်တာဝန်ခံရမည်ဖြစ်သည်။

အာဏာသိမ်းခြင်းကိုဆန့်ကျင်သူများအား ခြိမ်းခြောက်ခြင်းနှင့်ဖိနှိပ်ခြင်းကို မိမိတို့ ရှုတ်ချပါသည်။ အင်တာနက်ဖြတ်တောက်ခြင်းနှင့် လွတ်လပ်စွာပြောဆိုခွင့်ကိုဖိနှိပ်သော ဥပဒေများပြောင်းလဲခြင်းအပါအဝင် လွတ်လပ်စွာထုတ်ဖော်ခြင်းကိုဖြိုခွင်းမှုများနှင့်ပတ်သက်၍ မိမိတို့စိုးရိမ်မကင်းဖြစ်ရပါသည်။ ဆန္ဒပြသူများ၊ ဆရာဝန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် သတင်းသမားများအား စနစ်တကျပစ်မှတ်ထားခြင်းကို ရပ်တန့်ရမည်ဖြစ်ပြီး အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းရပါမည်။ အားနည်းထိခိုက်လွယ်ဆုံးပြည်သူများကိုကူညီပံ့ပိုးရန်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပြည့်အဝရရှိနိုင်ရေးကို မိမိတို့ဆက်လက်တောင်းဆိုပါသည်။

မိမိတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကို ရှုတ်ချရာတွင် တညီတညွှတ်တည်း ဆက်လက်ရပ်တည်လျက်ရှိနေပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားသူများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်မိမိတို့ထပ်မံတောင်းဆိုပါသည်။ ဒီမိုကရေစီနှင့်လွတ်လပ်မှုကို ရှာဖွေနေသည့် မြန်မာပြည်သူလူထုနှင့်အတူ ဆက်လက်ရပ်တည်နေပါသည်။

Resources:https://www.state.gov/g7-foreign-ministers-statement-on-burma/?fbclid=IwAR1SgAMvwXAuuXTKU70HXHZt0s696ys6xVRvYNBOv5raLHFqs8GdbgqeU-s

ၿငိမ္းခ်မ္းစြာဆႏၵျပျခင္းအေပၚ ျမန္မာႏိုင္ငံ၏လုံၿခဳံေရးတပ္ဖြဲ႕မ်ားက အၾကမ္းဖက္မႈက်ဴးလြန္ျခင္းအား ဂ်ီ-၇ အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္ေသာ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ ယူေကႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔မွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားျဖစ္ၾကသည့္ မိမိတို႔ႏွင့္ ဥေရာပသမဂၢ အဆင့္ျမင့္ကိုယ္စားလွယ္ႀကီးက ျပင္းျပင္းထန္ရႈတ္ခ်ပါသည္။ အသက္ဆုံးရႈံးရမႈမ်ားတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရသည့္အေၾကာင္း ေျပာၾကားလိုပါသည္။ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕အေနျဖင့္ အစြမ္းကုန္ ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ရမည္ျဖစ္ၿပီး လူ႔အခြင့္အေရးႏွင့္ ႏိုင္ငံတကာဥပေဒကိုလည္း ေလးစားလိုက္နာရပါမည္။ လက္နက္မဲ့ ျပည္သူမ်ားအေပၚ က်ည္ဆံအစစ္အသုံး၍ပစ္ခတ္ျခင္းကို လက္ခံႏိုင္စရာအေၾကာင္းမရွိပါ။ ၿငိမ္းခ်မ္းစြာဆႏၵျပျခင္းအေပၚ အၾကမ္းဖက္ တုံ႔ျပန္သည့္မည္သူမဆိုယင္းအတြက္တာဝန္ခံရမည္ျဖစ္သည္။

အာဏာသိမ္းျခင္းကိုဆန႔္က်င္သူမ်ားအား ၿခိမ္းေျခာက္ျခင္းႏွင့္ဖိႏွိပ္ျခင္းကို မိမိတို႔ ရႈတ္ခ်ပါသည္။ အင္တာနက္ျဖတ္ေတာက္ျခင္းႏွင့္ လြတ္လပ္စြာေျပာဆိုခြင့္ကိုဖိႏွိပ္ေသာ ဥပေဒမ်ားေျပာင္းလဲျခင္းအပါအဝင္ လြတ္လပ္စြာထုတ္ေဖာ္ျခင္းကိုၿဖိဳခြင္းမႈမ်ားႏွင့္ပတ္သက္၍ မိမိတို႔စိုးရိမ္မကင္းျဖစ္ရပါသည္။ ဆႏၵျပသူမ်ား၊ ဆရာဝန္မ်ား၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းႏွင့္ သတင္းသမားမ်ားအား စနစ္တက်ပစ္မွတ္ထားျခင္းကို ရပ္တန႔္ရမည္ျဖစ္ၿပီး အေရးေပၚအေျခအေနကို ျပန္လည္႐ုပ္သိမ္းရပါမည္။ အားနည္းထိခိုက္လြယ္ဆုံးျပည္သူမ်ားကိုကူညီပံ့ပိုးရန္အတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ား အျပည့္အဝရရွိႏိုင္ေရးကို မိမိတို႔ဆက္လက္ေတာင္းဆိုပါသည္။

မိမိတို႔အေနျဖင့္ ျမန္မာႏိုင္ငံအတြင္း အာဏာသိမ္းမႈကို ရႈတ္ခ်ရာတြင္ တညီတၫႊတ္တည္း ဆက္လက္ရပ္တည္လ်က္ရွိေနပါသည္။ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္အပါအဝင္ တရားမဝင္ဖမ္းဆီးထိန္းသိမ္းထားသူမ်ားကို ႁခြင္းခ်က္မရွိ ခ်က္ခ်င္းလႊတ္ေပးရန္မိမိတို႔ထပ္မံေတာင္းဆိုပါသည္။ ဒီမိုကေရစီႏွင့္လြတ္လပ္မႈကို ရွာေဖြေနသည့္ ျမန္မာျပည္သူလူထုႏွင့္အတူ ဆက္လက္ရပ္တည္ေနပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *