မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် CDM လုပ်နေသော ပညာရေး ဝန်ထမ်း ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့ မှ လူမဆန်စွာ မတရားရိုက်နက် ဖမ်းဆီး သွား
Local News: Police arrested two CDM teachers in front of Myitkyina College of Education.
မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် CDM လုပ်နေသော ဝန်ထမ်း ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က လူမဆန်စွာ ရိုက်နက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။
စုရပ်အဖြစ် သတ်မှတ်ထားသော ပညာရေး ကောလိပ်ကျောင်းရှေ့တွင် ၈ နာရီ ၄၅ မိနစ်ခန့် ဆရာမများ အနည်းစု ဆိုင်ကယ်အစီး ၂၀ ခန့်သာ ရောက်ရှိစဥ်တွင် ရဲတပ်ဖွဲမှ လာရောက်ဖမ်းဆီးခြင်း ဖြစ်ပါသည်။ ဖမ်းဆီး ရိုက်နက် ခေါဆောင်သွားသော ဆရာမ နှစ်ဦးမှာ
၁ ။ဆရာမအေးကြည်ကြည်စိန် – အ.မ.က(၄)ပမ္မတီး
၂ ။ဆရာမအေးချမ်းမေ – ဝိုင်းမော် တို့ ဖြစ် ပါသည်။ ထို့အပြင် မြစ်ကြီးနား လူထုဆန္ဒဖော်ထုတ်ရေးအတွက် ပုံမှန် စုရပ်နေရာများဖြစ်သော နောင်ရာပါကွင်းနှင့် မြစ်ကြီးနားတက္ကသိုလ်ရှေ့ နေရာတို့တွင် တပ်မတာ်က နေရာပိတ်ဆို့ထားသည်ကို တွေ့ရသည်။
ယနေ့ ဆန္ဒဖော်ထုတ်မှုများအတွက် ထိုနေရာတွင် စုရပ်အဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
အလားတူ အထက ၁ ကျောင်းရှေ့နှင့် အခြား လူထုနိုင်မည့်နေရာများတွင်လည်း ရဲနဲ့ စစ်သားများက လိုက်လံ လူစုခွဲနေကြောင်း သိရသည်။
Leave a Reply
Your email address will not be published. Required fields are marked *