ဂျိုးဘိုင်ဒင်အား လွတ်တော်နှစ်ရပ်လုံးမှအတည်ပြု


ယူနီကုတ်

အမေရိကန်လွတ်တော်နှစ်ရပ်လုံးမှ သမ္မလောင်း ဂျိုးဘိုင်ဒင် အား ကြာသာပဒေး နံနက် ၂ နာရီ ၄၀ မှာ အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲ၏ရလဒ်ပေါ် မေးခွန်းထုတ်နေကြသော ရီပတ်ပလီကန်ထောက်ခံအားပေးသူပြည်သူအများ ၏ဆန္ဒပြမူ့နှင့် လွတ်တော်အဆောက်အုံတွင်းဝင်ရောက်ထိုးဖေါက်မူ့ကြောင့် လွတ်တော်နှစ်ရပ်လုံးမှ အဆိုပါတွေ့ဆုံပွဲအခမ်းအနားအား ရပ်ဆိုင်းလိုက်ပြီးနောက် ယ္ခုလို ပြန်လည်အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြမူ့တွင်း လွတ်တော်အဆောက်အအုံလုံခြုံရေးရဲမှ ပစ်ခတ်သောသေနတ် ဒဏ်ရာကြောင့် San Diego မှ စစ်မူ့ထမ်းဟောင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါသည်။
ဝါရှင်တန်ဒီစီ မြို့တော်အားလည်း ဗုဒ္ဓဟူးနေ့ည ၆း၀၀ နာရီ မှ မနက် ၆း၀၀ နာရီထိတိုင် ညမထွက်ရ ကာဖြူးအမိန့်ထုတ်ပြန်ထားလိုက်ရသည်။
လွတ်တော်နှစ်ရပ်လုံးမှ ဂျိုးဘိုင်ဒင်အား အတည်ပြုပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်မှလည်း ဇနဝါရီလ ၂၀ ရက်နေ့တွင် ငြိမ်းချမ်းစွာအာဏာ လွဲပြောင်းပေးမည်ဖြစ်ကြောင်းထုတ်ဖေါ်ရေးသားလိုက်သည်။

Wednesday မြင်ကွင်းတစ်ချို့ပုံ

Leave a Reply

Your email address will not be published. Required fields are marked *