ဂစ်တာသမား Moses Fish နှင့် စကားစမြည် … (Interview with guitarist Moses Fish)


(၁) ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါ။

ဟုတ်ကဲ့ ကျနော်နာမည်က Mosesပါလီဆူလိုက ꓟꓳ-ꓫꓲ ( မောရှိ) အနုပညာနာမည်က Moses Fish လို့ခေါ်ပါတယ်။ အဖေငွါးလီဆာ၊ အမေချားယောဟူး၊ လက်ရှိနေတာက မြစ်ကြီးနား၊ ကချင်ပြည်နယ်မှာပါ။ အသက်က (၂၅) နှစ်ရှိပါပီဆိုတော့ မကြီးမငယ်ပေါ့။

(၂) အခုလို ပရိုဖက်ရှင်နယ် ဂီတသမား တစ်ယောက် အနေအထားရောက်လာဖို့ ဖြတ်သန်းလာခဲ့ရတဲ့ လမ်းကြောင်းကို ပြောပြပါ။

ဂီတာတီးတတ်လာတာက ဘုရားရဲ့ကောင်းကြီးပေးမှု ကြောင့်လို့ ဝန်ခံပါတယ်။ လေ့ကျင့်ခဲ့တာကတော့ ၈နှစ်သားကျော်ကျော်မှာ အဖေကနေ စပြီး ABCDEFG အစရှိတဲ့ Chord တွေတီးခတ်လေ့ကျင့်ပေးခဲ့ပါတယ်။ နည်းနည်းတီးတက်လာတော့ အဖေက Sunday school မှာတီးခတ်ခိုင်းတယ်။ ဒီလိုနဲ့ပဲ ရွာမှာတဖြည်းဖြည်း လူသိများလာပါတယ်။ ဂီတာတီးအတတ်ပညာကို လိုက်စားနေတဲ့အချိန်၊ အဲ့ဒီတုန်းက ကက်ဆက်ခွေကနေသီချင်းတွေနားထောင်ရတာပေါ့။ ကက်ဆက်မရှိလို့ ကက်ဆက်ဝယ်ရဖို့သရက်သီးတွေ၊ နာနတ်သီးတွေ ရောင်းခဲ့ရပါတယ်။ ကျောင်းလည်းတက်တော့ မနက်စောစော ၃ နာရီထပြီး စက်ဘီးနဲ့မြို့ထဲထိသွားရောင်းခဲ့ရတာပေါ့။ နောက်ပိုင်းကက် ဆက်လေးတစ်လုံးရတော့ စာအုပ်ဆိုင်တွေမှာ ဂီတာတီးစာအုပ်တွေဝယ်ပီး အားကုန်တီးကျင့်ခဲ့ရပါတယ်။ အခုတော့ဘာမဆိုလွယ်ကူသွားပါပြီ။ online မှာအလွယ်တကူလေ့လာလို့ရတယ်ဆိုတော့လည်း online ကနေပဲပိုပီးလေ့လာဖြစ်ပါတယ်။ နာမည်ကြီးသီချင်းတွေ၊ တီးလုံးတွေ အလွယ်တကူ နားထောင်လို့ရလာတာပေါ့။ ခေတ်တွေတော့ ပြောင်းသွားပေမယ့်၊ တကယ်လိုက်စားတဲ့သူကတော့ တကယ်အချိန်ပေး လေ့ကျင့်ဖို့ လိုပါတယ်။ အခင်းအကျင်းကတော့ အရင်ကထက် ပိုကောင်းလာတယ်လို့ ဆိုချင်တာပါ။

(၃) ဂီတနဲ့ပတ်သက်ပြီး ဘယ်လိုလိုင်းကို ပိုပြီးအားသန်ပါသလဲ။ လတ်တလော ဘယ်အပိုင်းကို ပိုအချိန်ပေးဖြစ်ပါသလဲ။ ဘာတွေလုပ်ဖြစ်သေးသလဲ။

ဂီတာနဲ့ပတ်သတ်ပီး အားလုံးကိုကြိုက်ပါတယ်။ အခု studio သီချင်းတီးတဲ့အပိုင်းကို ပိုအချိန်ပေးဖြစ်ပါတယ်။ instrumental လည်း လေ့လာပါတယ်။ ကိုယ်ကိုယ်တိုင်လည်း own tune တွေတီးနေပါတယ်။

(၄) ကိုယ်တီးခဲ့ပြီးသမျှထဲမှာ စိန်ခေါ်မှုအများဆုံး စီးရီး၊ ပြိုင်ပွဲ (အားအထုတ်ခဲ့ရဆုံးအတွေ့အကြုံ) ရှိရင်ပြောပြပါလား။

၂၀၁၉ ခုနှစ်မှာ vocalist David Boဘူတာရုံလေး Album နဲ့ vocalist M Yan Paing ရဲ့ “အချစ်လက်ဆောင် ကြယ်ပွင့်လေး” ဆိုတဲ့ Album 2 ခု တီးခဲ့ရပါတယ်။ တစ်နိုင်ငံလုံးထွက်မယ့်သီချင်းဆိုတော့ ရင်ခုန်ခဲ့တယ်။ အတွေ့အကြုံလည်းအများကြီးရခဲ့ပါတယ်။ လားဟူသီချင်းတွေ၊ ကချင်သီချင်းတွေလည်းတီးဖြစ်ပါတယ်။ တီးရင်းအတွေ့အကြုံလည်းရယူရပါတယ်။ ပြိုင်ပွဲအနေနဲ့တော့ ရန်ကုန်မြို့မှာကျင်းပတဲ့ 2018 MEBC Guitar Solo Contest မှာ 1st runner up ဆုရရှိခဲ့ပါတယ်။

(၅) ကိုယ်တီးမယ့် ဂစ်တာကောင်းတစ်လက်ကို ဘယ်လိုရွေးချယ်လေ့၊ ထိန်းသိမ်းလေ့ ရှိပါသလဲ။ ဂီတသမားကောင်းတစ်ယောက်ဖြစ်လာဖို့ ဘာတွေက အဓိကကျပါမလဲ။ အခုမှ စတင်လေ့လာမယ့်သူတွေအတွက် ဘယ်လိုအကြံပေးချင်ပါသလဲ။

ဂီတာအမျိုးအစားအများကြီးရှိပါတယ် အားလုံးကိုကြိုက်ပါတယ်။ ibanez guitar, Gibson guitar, fender guitar သူ့ဟာနဲ့သူ အားသာချရှိတယ်။ Rockဆိုရင် ibanez guitar, Gibson guitar သုံးတယ်။ Fender guitar က worship သီချင်းတွေတီးတယ်။ များသောအားဖြင့် show မှာတော့ ibanez guitar ကိုင်တီးတယ်။ Hollow guitar က Yamaha များသောအားဖြင့် တီးတယ်။ အသံကြည်လင်တဲ့ ဂီတာမျိုးရအောင် Studioမတီးခင် ကြိုးအသစ်လဲသုံးတယ်။ ကျနော်ဂီတာတီးပြီး ရင် အမြဲတမ်းကြိူးကိုသေချာလေးသုတ်ပြီးထားပါတယ်။ ဂီတာမတီးခင်ဂီတာကြိုးကို အရင်သေချာသန့်ရှင်းရေးလုပ်ပါတယ်။ မဟုတ်ရင်သံချေးတွေ၊ ဖုန်တွေ တက်တော့ အသံမကြည်မလင် ဖြစ်တတ်ပါတယ်။ တီးပြီးရင်အိပ်ထဲသေချာထည့်သိမ်းပါတယ်။ ခရီးတွေသွားရင်လည်း ကျနော့်လက်ထဲသေချာထွေးပိုက်ပီးယူသွားပါတယ်။ မလိုအပ်ပဲ အထိအခိုက် မဖြစ်စေချင်လို့ပါပဲ။
ဂီတာသမားကောင်းဖြစ်လာဖို့အမြဲတမ်း ဓါးသွေးသလို လေ့ကျင့်ရမယ်။ လေ့ကျင့်တယ်ဆိုတဲ့နေရာမှာ နည်းစနစ်မှန်အောင်လေ့ကျင့်ရမယ်စိတ်ရှည်ရမယ်။ အလုပ်လုပ်သလိုလေ့ကျင့်ရမယ်။ ဆရာသမားများကိုချဉ်းကပ်သင်ယူရမယ်။ အချိန်ပေးရမယ်ပေါ့။ အခုမှစတင်တီးတဲ့သူတွေတော့ practice, Practice, practice ပါလို့ပဲပြောချင်ပါတယ်။

(၆) ဘယ်လိုတေးသွားလေးတွေ တီးရတာ ကိုယ်အားရပါသလဲ။ ဘယ်လို ခံစားချက်တွေဖြစ်ပေါ်တတ်ပါသလဲ။

တစ်လိုင်းတည်း၊ တစ်ခုထဲတော့ ပြောရဖို့ခက်ပါတယ်။ အားလုံးက အရသာ မတူလို့ပါ။ slow သီချင်းဆို slow အရသာ၊ Rockဆိုရင် Rock အရသာရှိလို့ အားလုံးက သူ့ဟာနဲ့သူအားရကျေနပ်စရာ ကောင်းပါတယ်။

(၇) ရှေ့မှာ ဘယ်လို ဂီတမျိုး ဆက်လက် ဖန်တီးချင်ပါသလဲ။ ကိုယ်ဖြစ်ချင်တဲ့ အခင်းအကျင်းမျိုးတွေ ရှိပါသလား။

သီချင်းကောင်း၊ တေးသွားကောင်းတွေကို အမြဲဖန်တီးပီးတီးချင်ပါသေးတယ်။ ကျနော့်က်ုယ်ပိုင် solo တွေအများကြီးရေးတီးဖို့ရှိပါတယ်။ ဆက်လက်ကြိုးစားသွားမယ်။ ဂစ်တာပဲတီးပြတဲ့ one man showတွေ ပူတာအိုလိုနယ်တွေမှာ ကိုယ့်ကိုယ်အားပေးတဲ့သူတွေဆီ သွားရောက်ဖျော်ဖြေခွင့် ရချင်ပါတယ်။

(၈) အတီးသမားဘဝမှာ စိတ်အပျက်ဆုံးအခိုက်အတန့် နဲ့ အကြိုက်ဆုံး အခိုက်အတန့် ကိုပြေပါဆိုရင် ဘာတွေဖြစ်မလဲ။

Show တွေတီးတဲ့အခါ backing ကောင်းကောင်းမကြားတာ ကိုယ်ဘာတီးမှန်းကိုယ်မကြားရတဲ့အခါစိတ်ညစ်ရတယ်။ ပြီးတော့ ကိုယ်ကသေသေချာချာလုပ်နေပေမယ့် ကိုယ့်ရဲ့ တီးဖော်တီးဖက်တွေက ဖြစ်သလိုတီးပေးတာမျိူးဆိုရင် စိတ်ညစ်ရတယ်။ studio မှာသွားတီးတဲ့အခါ စိတ်မရှည်တဲ့ အင်ဂျင်နီယာမျိုးနဲ့ ကြုံရင်လဲ သိပ်ဟန်မကျဘူးပေါ့။
အားရကျေနပ်မှုအရှိဆုံးအနေအထားက ကိုယ်နဲ့တွဲတီးတဲ့သူကိုယ်နဲ့အလုပ်လုပ်တဲ့သူက အလုပ်ကိုသေချာလုပ်တဲ့သူ၊ အသောက်အစားကင်းရှင်းတဲ့သူ၊ အပျော်အပါးမမက်မောတဲ့သူတွေနဲ့ဆိုရင် တွဲလုပ်ရသမျှ ကျေနပ်အားရပါတယ်။

(၉) ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်ကို ဘာများ ထပ်ပြောပြချင်ပါသေးသလဲ။

ကျွန်တော့်ဖန်တီးတီးခတ်မှုတွေကို ဆက်လက် အားပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ အားပေးနေတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *