ကပ်​ရောဂါကာလအတွင်း လူမှုဘဝများ မ​နောက်ကျရ​လေ​အောင် စဥ်းစားကြံဆကြရန် မြန်မာတိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ​ရောဂါကူးစက်သူ လူနာတစ်သိန်း​ကျော်ရှိလာတဲ့ မြန်မာနိုင်ငံမှာ ယခင်က တစ်​နေ့ လျှင် ပျမ်းမျှ ​ရောဂါကူးစက်သူ တစ်​ထောင်​ကျော် ဝန်းကျင်ရှိခဲ့ ရာက ယခု ရက်ပိုင်းအတွင်း တစ်​ထောင်​ အောက်ကျဆင်းလာတာကို​တွေ့ရပါတယ်။ ယခု ရက်ပိုင်း အစိုးရက ​ပြည်တွင်း​လေယာဥ်ခရီးစဥ်များပြန်လည်​ပျံသန်းခြင်း အပါအဝင် ဖြေ​လျှော့မှုအချို့ပြုလုပ်လာသည်ကို ​တွေ့ရပါတယ်။ စား​သောက်ဆိုင်များကိုလည်း ​ရောဂါကာကွယ်​ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်များ ပြုလာခဲ့ပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ် သည် ကာကွယ်​ဆေးများ​ပေါ်လာသည့်တိုင် ကမ္ဘာ​ပေါ်မှ အချိန်အ​တော်ကြာ ​ပျောက်ကွယ်မသွားနိုင်ဘဲ ရာသီတုပ်​ကွေးဗိုင်းရပ်စ်များကဲ့သို့ ဆက်လက်တည်ရှိ​နေဦးမည် ဖြစ်၍ ​မိမိတို့ ဆက်လက်ရှင်သန်​နေနိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ လူမှု ဘဝများ မ​နောက်ကျ​ရ​အောင် စဥ်းစားကြံဆ ကြရမည် ဖြစ်​ကြောင်း၊ တချိန်တည်းမှာ ​ရောဂါကာကွယ် ထိန်းချုပ်​ရေး စည်းကမ်းများ ကို ယခင်ကအတိုင်း တင်းကြပ်စွာ လိုက်နာကြရန်လို​ကြောင်း ဒီဇင်ဘာ (၂၂ ) ရက်​နေ့ ရက်စွဲဖြင့် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ​ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာ့ကပ်​ရောဂါကာလ အတွင်း ပညာ​ရေး၊ ကျန်းမာ​ရေး နှင့် လူမှုစီးပွားထိခိုက်နစ်နာမှု များစွာ ရှိခဲ့ပြီး စီးပွား​ရေးလုပ်ငန်းများ ယခင်ကအတိုင်း ပြန်လည် လည်ပတ်ရန်အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ ရုန်းကန်ရ​ဦးမည် ဖြစ်သည်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်းမြို့ ရပ်ကွက်အချို့တွင် ဘုန်း​ကြီ​ကျောင်းမှ စွန့်​​သော ဆွမ်း​ကြွေးကျန်များ ကို လူတန်းရှည်ဖြင့် လာ​ရောက်​စောင့်ဆိုင်းရယူခဲ့မှုများလည်း ရှိခဲ့ပါသည်။ ဒီဇင်ဘာ (၂၂ ) ရက်အထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ​​ကြောင့် ​သေဆုံးသူ ၂,၄၈၄ ဦး ရှိပြီဖြစ်သည်။

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ (ကိုဗစ္-၁၉) ​ေရာဂါကူးစက္သူ လူနာတစ္သိန္း​ေက်ာ္ရွိလာတဲ့ ျမန္မာႏိုင္ငံမွာ ယခင္က တစ္​ေန႔ လွ်င္ ပ်မ္းမွ် ​ေရာဂါကူးစက္သူ တစ္​ေထာင္​ေက်ာ္ ဝန္းက်င္ရွိခဲ့ ရာက ယခု ရက္ပိုင္းအတြင္း တစ္​ေထာင္​ ေအာက္က်ဆင္းလာတာကို​ေတြ႕ရပါတယ္။ ယခု ရက္ပိုင္း အစိုးရက ​ျပည္တြင္း​ေလယာဥ္ခရီးစဥ္မ်ားျပန္လည္​ပ်ံသန္းျခင္း အပါအဝင္ ေျဖ​ေလွ်ာ့မႈအခ်ိဳ႕ျပဳလုပ္လာသည္ကို ​ေတြ႕ရပါတယ္။ စား​ေသာက္ဆိုင္မ်ားကိုလည္း ​ေရာဂါကာကြယ္​ေရး စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ခြင့္မ်ား ျပဳလာခဲ့ပါတယ္။

ကိုဗစ္-၁၉ ဗိုင္းရပ္စ္ သည္ ကာကြယ္​ေဆးမ်ား​ေပၚလာသည့္တိုင္ ကမာၻ​ေပၚမွ အခ်ိန္အ​ေတာ္ၾကာ ​ေပ်ာက္ကြယ္မသြားႏိုင္ဘဲ ရာသီတုပ္​ေကြးဗိုင္းရပ္စ္မ်ားကဲ့သို႔ ဆက္လက္တည္ရွိ​ေနဦးမည္ ျဖစ္၍ ​မိမိတို႔ ဆက္လက္ရွင္သန္​ေနႏိုင္ရန္ ႀကိဳးစားၾကရမည္ျဖစ္သည္။ လူမႈ ဘဝမ်ား မ​ေနာက္က်​ရ​ေအာင္ စဥ္းစားႀကံဆ ၾကရမည္ ျဖစ္​ေၾကာင္း၊ တခ်ိန္တည္းမွာ ​ေရာဂါကာကြယ္ ထိန္းခ်ဳပ္​ေရး စည္းကမ္းမ်ား ကို ယခင္ကအတိုင္း တင္းၾကပ္စြာ လိုက္နာၾကရန္လို​ေၾကာင္း ဒီဇင္ဘာ (၂၂ ) ရက္​ေန႔ ရက္စြဲျဖင့္ က်န္းမာ​ေရးႏွင့္ အားကစားဝန္ႀကီးဌာနက တိုက္တြန္းလိုက္ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ​ကို႐ိုနာ ဗိုင္းရပ္စ္ ကမာၻ႔ကပ္​ေရာဂါကာလ အတြင္း ပညာ​ေရး၊ က်န္းမာ​ေရး ႏွင့္ လူမႈစီးပြားထိခိုက္နစ္နာမႈ မ်ားစြာ ရွိခဲ့ၿပီး စီးပြား​ေရးလုပ္ငန္းမ်ား ယခင္ကအတိုင္း ျပန္လည္ လည္ပတ္ရန္အတြက္ အခ်ိန္အတိုင္းအတာ တစ္ခုအထိ ႐ုန္းကန္ရ​ဦးမည္ ျဖစ္သည္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း စစ္ကိုင္းၿမိဳ႕ ရပ္ကြက္အခ်ိဳ႕တြင္ ဘုန္း​ႀကီ​ေက်ာင္းမွ စြန္႔​​ေသာ ဆြမ္း​ေႂကြးက်န္မ်ား ကို လူတန္းရွည္ျဖင့္ လာ​ေရာက္​ေစာင့္ဆိုင္းရယူခဲ့မႈမ်ားလည္း ရွိခဲ့ပါသည္။ ဒီဇင္ဘာ (၂၂ ) ရက္အထိ ထုတ္ျပန္ခ်က္မ်ားအရ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ -၁၉ ​​ေၾကာင့္ ​ေသဆုံးသူ ၂,၄၈၄ ဦး ရွိၿပီျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *