ကချင်တို့ရဲ့ ပညာရေးမြို့တော် မိုင်ဂျာယန်မှ ကြိုဆိုပါတယ်

KIO/KIA ရဲ့ထိန်းချူပ်ရာနယ်မြေ…
“ကချင်ပြည် ကချင်လူမျိုးတို့၏ပညာရေးမြို့တော်”
Mai Ja Yang မှကြိုဆိုပါတယ်?
တစ်ချိန်က ကာဆီနို(လောင်းကစားရုံ) တွေ့နဲ့လူစည်ကားပြီး second Hongkongလို့တောင်ခေါ်ခြင်းခံခဲ့ရတဲ့ တရုတ်ပြည်နယ်စပ်မြို့ မိုင်ဂျာယန်
(Mai Ja Yang)ဟာ ယခုချိန်မှာတော့ ကချင်လူမျိုးတွေရဲ့ပညာရေးမြို့ တော်ဖြစ်နေပါပြီ, ခုဆိုရင် MIED, Pre-college, Mai Ja Yang College, IEP, ILAS, Federal law Academy: အစရှိတဲကျောင်းတွေအမြောက်အများရှိနေပါပြီ,
Mai Ja Yang university ကိုလည်း ခေတ်မှီခမ်းနားစွာတည်ဆောက်နေတာကိုတွေ့ရပါတယ်…
ဒီနေ့မိတ်ဆက်ပေးချင်တာကတော့… မိုင်ဂျာယန်မှာအထူးခြားဆုံးကျောင်းဖြစ်တဲ့
Federal Law Academy ကျောင်းဘဲဖြစ်ပါတယ်, ဘာလို့ထူးခြားလဲဆိုတော့ တိုင်းရင်းသားပေါင်းစုံ သက်ရောက်ပြီး မိုင်ဂျာယန်မက မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဒီလိုကျောင်းမျိုး ဒီကျောင်းတစ်ခုဘဲရှိလို့ဖြစ်တယ်…
ဒီကျောင်းဟာ ကျောင်းနာမည်နဲ့လိုက်အောင် တိုင်းရင်းသားပေါင်းဆုံ ပျော်ပျော်ရွှင်ရွှင်နဲ့ အေးအတူပူအမျှ အတူတကွ ပညာလာရောက်သင်ယူနေတာကိုတွေ့ရပါတယ်, [အများစုကတော့ ကချင်တွေဖြစ်ပြီး, အခြားတိုင်းရင်းသား ကရင်, ကယား,ရှမ်း, ရခိုင်, တအာင်း(ပလောင်), ကွတ်ကီး] တို့ပါဝင်ပါတယ်, ဘယ်တိုင်းရင်းသားမဆို second years ဆိုတက်လို့ရပါပြီ, ကျောင်းက၂နှစ်တက်ရမှာဖြစ်ပြီး semester ၁ခုပြီးတိုင်း: ၁လကျောင်းပိတ်ပေးပါတယ်, semester ၁ခုကို၅လဖြစ်ပါတယ်, ကျောင်း uniform ကိုတနင်္လာနဲ့ သောကြာ၂ရက်ဝတ်ရပါတယ်, အဲဒီ၂နှစ်အတွင်းသင်ကြားပေးတဲ့ဘာသာရပ်တွေက အောက်ပါအတိုင်းဘဲဖြစ်ပါတယ်…
1. Constitutional law
2. Civil Society
3. Independent of Judiciary
4. The Code of Criminal procedure
5. Human Right Law
6. Evidence Act
7. Federalism part 1, 2
8. Fair Trial
9. International Law
10. International Criminal Law
11. International Criminal Court
12. International Humanitarian Law
13. United Nation Human Rights Mechanism
14. Civil Law
15. Criminal Law
16. Election law
17. Apply Law
18. Contract Law
19. Civil Procedure
20. Environmental Law
21. Burmese Customary law & Kachin Customary law
22. Rule of Law
23. Court Practice
24. Data Collection
25. Teaching Practice
Founder & CEO – Master Aung Htoo (human right lawyer)


Guest speaker တွေလည်းမကြာခဏ လာရောက်ပါတယ်, ဒီကျောင်းမှာ မတူညီတဲ့တိုင်းရင်းသားများရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တွေဖလှယ်ကြရင်း သူတို့ရဲ့ရိုးရာပွဲတွေလည်းကျင်းပ ကြပါတယ်, သာဓကအားဖြင့် ကောက်သစ်စားပွဲတော်, သီတင်းကျွတ်မီးထွန်းပွဲ, ထမနဲထိုးပြိုင်ပွဲ, အကပဒေသာနဲ့ တေးဂီသအစီအစဉ်, ကရင်အမျိုးသားများနေ့ အစီအစဉ် အစရှိတဲ့ Activities တွေနဲ့ ပျော်စရာကောင်းလှအောင် သင်ကြားပေးနေပါတယ်,
ဒီကျောင်းရဲ့ထူးခြားချက်ကတော့
student center
လို့ခေါ်တဲ့ ကျောင်းသား/သူတွေရဲ့ တွေးခေါ်မှုအမြင်ကိုအခြေခံတဲ့စနစ်နဲ့ပို့ချပေးနေတာကိုတွေ့ရပါတယ်,,ကျောင်းအခုတည်းက လက်ခံနေပါပြီ…
November မှာ ကျောင်းစဖွင့်မှာဖြစ်ပါတယ်, school campus ထဲမှာဘဲနေရပါတယ်, ကျောင်းအိပ်ကျောင်းစားပေါ့…
wifi free ရပါတယ်?❤️
အရင်နှစ်က ကျောင်းပြီးသွားတဲ့ကျောင်းသားတွေ ခုဆိုရင်သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အလုပ်လုပ်နေကြပြီး Society ကိုရှူ့ထောင့်တစ်နေရာရာကနေ အကျိုးပြုနေတဲ့လူတွေဖြစ်နေကြပြီ …
အသက်( 18နှစ် မှ 35နှစ်ထိ)
တက်လို့ရပါတယ်နာ်
ဒါကြောင့်… နောက်မကျဘဲလာတက်ရောက်သင့်ပါတယ်…
ကျတော်တို့ မြန်မာနိုင်ငံ federal ကိုသွားနေစဉ် ကိုယ်ကလည်းတစ်နေရာရာကနေ ဝင်ရောက်ကူညီနိုင်တဲ့သူဖြစ်အောင် ကြိုးစားပါဝင်ရအောင် တင်ပြလိုက်ခြင်းဖြစ်ပါတယ်
အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျောင်းစရိတ်
ကတော့ မနှစ်ကထိ 3500 Yuan ဖြစ်ပါတယ်ငွေဈေး အတက်အကျပေါ်မူတည်ပြီး အပြောင်းအလဲရှိပါမယ် ခင်မျ.
အသေးစိတ်ကိုhttps://www.facebook.com/JusticeThroughDreamsAndEducation/ တွင်စုံစမ်းနိုင်ပါသည်။

#Naw Naw ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *