၀န်ကြီးအောင်မျိုးမင်း ဘယ်သူလဲ ….



(Htay Tint ရေးပြထားတဲ့ ရှေးဟောင်းနှောင်းဖြစ် သမိုင်းတစ်စသိစေဖို့ ပြန်လည်ဖော်ပြလိုက်ပါတယ်)
=====
၁၉၉၀ ဘန်ကောက် ရောက်ခါစ
ထိုင်းစကားက မတတ်
တတ်တဲ့ အဂ်လိပ်ကို လည်း ထိုင်းက နားမလည် //
ယူနီဖေါင်း ဝတ်တဲ့သူ မြင်တိုင်း
ကြောက်တဲ့ စိတ်နဲ့ အနားကပ်ပြီး
လေ့လာနေတဲ့ အချိန် //
လပ်စီက တက္ကသိုလ်ဆရာ နုတ်ကလစ် မိတ်ဆက်ပေးတဲ့
စက်ချုပ်လုပ်ငန်း သူဌေးမကြီးဆီမှာ
ယူအန် ထောက်ပံကြေးမရခင်
စက်ချုပ်စားရတာပေါ့ //
၃ လ လောက်ကြတော့
UNHCR က အသိမှတ်ပြုပြီး ထောက်ပံ့ကြေးရလာတယ်
အသက်ရှု မဝ သလိုဖြစ်လာချိန်မှာ
ကိုကျော်လွင် ( ကနေဒါ ) ကရင်လေးက
မဟာချိုင်းမှာ ဝက်အူချောင်း လုပ်ရောင်းနေတဲ့
ထိုင်းကရင် အေ ဆိုသူနဲ့ ချိတ်မိတယ် /
မဟာချိုင်ကို အုပ်စုလိုက် သွားလေ့လာတော့
ငွေရှာပြီး တော်လှန်ရေးကို ထောက်ပံနိုင်မဲ့
ဝက်အူချောင်း လုပ်ရောင်းမဲ့ အကွက်ကို မြင်ကြတော့
မဟာချိုင် ပြောင်းပြီး လုပ်ကြတာပေါ့ //
ဈေးရောင်းသူ ၄ ယောက်နဲ့
ထိုင်းအလုပ်သမား ၃ ယောက် ငှားပြီး လုပ်တာ
၁ ရက် ကို ဘတ်ငွေ သောင်းကျော် ရောင်းရတယ် /
စက်ရုံတွေ ဆင်းချိန်မှာ
ရောင်းမနိုင် လောက်အောင် လူတိုးတော့
ဈေးသည်တွေ မနာလိုတဲ့ အထိဖြစ်လာတယ် //
ခမင်လို့ အုပ်စုက အဆိုးဆုံးဘဲ
သူတို့က ထိုင်းစကားတတ်တော့
အုပ်စုဖွဲ့ပြီး ကိုရဲမင်း ဈေးရောင်းနေတုံး
အနောက်က အုပ်စုလိုက် သံဒုတ်တွေနဲ့
သေတဲ့ အထိ ဝိုင်းရိုက်ပြီး ထွက်ပြေးကြတယ် //
ကိုရဲမင်း သေပြီလို့ ယူဆကာ
သူနာပြုကားတွေ ရဲကားတွေ လာခေါ်သွားတော့မှ
ဈေးသည် တယောက်က လာပြောလို့
အရိုက်ခံရတဲ့ စက်ရုံရှေ့ လိုက်သွားတော့
ထိုင်းစကားတတ်တဲ့
ကိုသိန်းအောင် ( ရခိုင် ) စောင့်နေတယ် /
ကိုရဲမင်းကို ထိုင်းပုလိပ် မှုခင်းဆေးရုံ ယူသွားတာ သေချာတယ်
ဘန်ကောက်မှာ ရှိတယ် ဆိုတာ
လိပ်စာနဲ့ ဘေးက ထိုင်းဈေးသည်တွေဆီက သိလိုက်ရတာနဲ့
ဘန်ကောက်ကို ပြန်
ပုလိပ်ဆေးရုံကို လိုက်ရတာပေါ့ //
ဆေးရုံထဲရောက်တော့
ကိုသိန်းအောင်က မေးမြန်းတော့မှ
လူသေရုံထဲ ပို့မဲ့ အခန်းထဲ ရောက်နေတဲ့
ကိုရဲမင်းကို တွေ့ရတယ် /
UNHCR ရုံးလေးသွားပြီး သတင်းပို့ဆိုပြီး
ကိုအေးသိန်းထွေး ကို ခိုင်းလိုက်တယ် //
တည အိပ်ပြီး နောက်တရက် နံက်ပိုင်းမှာ
အသံစွာစွာ နဲ့ မြန်မာကျောင်းသား တယောက် ရောက်လာတယ် /
ဒီလူကို ဒီအတိုင်းထားရင် သေသွားမှာပေါ့ /
ကျွန်တော် ကားငှားလာတယ် /
မစ်ရှင် ဆေးရုံမှာ သွားကုမယ် ဆိုတော့
အသက်ရှင်ရန် ဆေးကုဖို့ လုပ်ပါပေါ့ //
အဲဒီ မြန်မာကျောင်းသားလေးက
သူ့ လွယ်အိပ်ထဲက
သူနာပြုတွေ ဝတ်တဲ့ ကုတ်အကျီ ဆွဲထုတ်ပြီးဝတ်လိုက်တယ် /
ခင်ဗျားတို့ ခပ်တည်တည်နဲ့
လူနာလှည်းတွန်းပြီး နောက်က လိုက်ခဲ့ကြ /
မျက်နှာ တည့်တည်မူ ဘယ်သူမေးမေး ဘာစကားမှ မပြောနဲ့
ကျွန်တော် ဖြေရှင်းမယ် ဆိုပြီး
ဘန်ကောက် ပုလိပ်ဆေးရုံက
သေခါနီးဖြစ်နေတဲ့ မြန်မာကျောင်းသား ကိုရဲမင်းကို
ခိုးထုတ်ကာ ခရစ်ယာန် ဆေးရုံကြီးဆီကို
အောင်မြင်စွာ ခိုးထုတ်နိုင်ခဲ့ကြပါတယ် //
? ? ? ? ? ? ? ??
အဲဒီ မစ်ရှင်ကြီး တခုလုံးကို
တာဝန်ယူ ဉီးဆောင်ခဲ့သူက
ဒီကနေ့ လူ့အခွင့်အရေး ဝန်ကြီး အဖြစ်
တာဝန် ထမ်းဆောင်နေတဲ့
ကိုအောင်မျိုးမင်း ဖြစ်ပါတယ် //
* * * * * * * * * *
( ကိုရဲမင်းက ၈၈ တုံးက တတိယနှစ် ကျောင်းသားဖြစ်ကာ
၂၀၁၀ ခုနှစ်မှာ ဖင်လန်နိုင်ငံမှာ
ဖင်းစကား မတတ်တော့ တီဘီရောဂါနဲ့ ဆုံးပါးခဲ့ပါတယ်)

Htay Tint
source link

Leave a Reply

Your email address will not be published. Required fields are marked *