NUG သတင်းစာရှင်းလင်းပွဲကျင်းပနေချိန် နိုင်ငံတဝန်း အင်တာနက်ဖြတ်တောက်

ဇွန်လ ၄ ရက် ဒီညနေ ၅ နာရီကနေ ၆နာရီအထိ NUG အစိုးရ၏ သတင်းစာရှင်းလင်းပွဲလုပ်နေသည့်အချိန်မှာ တစ်နိုင်ငံလုံး တစ်နာရီကြာ အင်တာနက် ပိတ်ဆို့ဖြတ်တောက်ဖို့ isp – အင်တာနက်ဝန်ဆောင်မှုပေးတဲ့သူတွေကို အကြမ်းဖက်စစ်ကောင်စီကနေ အနီးကပ်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒီအင်တာနက်ဖြတ်တောက်မှုကြောင့် စစ်ကောင်စီဟာ NUG ကို လေလိုင်းပေါ်က အစိုးရလို့ သရော်နေပေမယ့် အကြောက်လွန်နေတယ်လို့ ဝေဖန်သူတွေ ရှိနေခဲ့သလို၊ စစ်ကောင်စီအနေနဲ့ ဘယ်ဝန်ကြီးတွေက နိုင်ငံအတွင်းမှာ ရှိနေသလဲဆိုတာ သိသာအောင် စမ်းသပ်စုံစမ်းနေတာလို့ မြင်တဲ့သူတွေလည်း ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *