Total ကမြန်မာကို အမြတ်ငွေပေးတာ ဆိုင်းငံ့မယ်

မြန်မာ့ကမ်းလွန်ပင်လယ်ပင်ပြင်တွင် MOGE နှင့်တွဲဖက်လုပ်ကိုင်နေသည့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total က မြန်မာကို အမြတ်ငွေအချို. ခွဲဝေပေးခြင်းကို ဆိုင်းငံ့တော့မည်ဖြစ်ကြောင်း ယမန်နေ့ (မေ ၂၇) တွင် ထုတ်ပြန်လိုက်ပါတယ်။

ဤဆိုင်းငံ့အစီအစဉ်အရ အာဏာသိမ်းစစ်ကောင်စီသည် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိမည့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးရန် အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဆုံးဖြတ်ချက်က သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်များသာဖြစ်ပြီး၊ သဘာဝဓာတ်ငွေ့ရောင်းချမှရရှိမည့် ဝင်ငွေများ၊ အခြားအခွန်အခကိုမူ မြန်မာစစ်တပ်က ဆက်လက်ရရှိနေဦးမှာ ဖြစ်ပါတယ်။

MOGE သည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်များ၏ ထိန်းချုပ်မှုအောက်သို့ လုံး၀ ရောက်ရှိသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *