Live Show During Stay At Home in Myanmar.
ကချင်ပြည်နယ်အစိုးရအဖွဲ့၊လူဆူရေးရာဝန်ကြီးဦးအာတီယောဟန်ဦးစီးဦးဆောင်လျက် ကိုဗစ်ကာလမှာ မိမိတို့အိမ်မှာနေပြီး(stay at home) Lisu Live Show သေးသံသာ များကို ကြည့်ရှု ခံစားနိုင်ဖို့ရန်အတွက် လီဆူလူငယ်အနုပညာရှင်များနှင့်ပူးပေါင်းပြီး New Year Eve Night နှင့် New Year Night နှစ်ည ကျင်းပသွားမည်ဖြစ်သည်။ ၎င်းအစီစဉ်ကို လူမှုကွန်ရက်စာမျက်နာ Facebook Page ဖြစ်သော New Star Music Band Page နှင့် Ahthi Yawhan Page တွင် Live လွင့်မည် ဟု စီစဉ်ဆောင်ရွက်နေသူ လီဆူအနုပညာရှင် (Director,Actor, Singer, Composer) ယော်တီဖာထံမှ သတင်းရရှိပါသည်။
ထိုနည်းတူ လီဆူ အနုပညာရှင် Jesse Khawlay ဦးဆောင်စီစဉ်သော ဟာဘာလူးလူး(VBLULU) စတူတီယို မှ လည်း ၂၄-၁၂-၂၀၂၀ နေ့ညနေ ၈ နာရီ တွင်တစ်ကြိမ်၊ ၃၁-၁၂-၂၀၂၀ နေ့ ညနေ ၈ နာရီတွင်တစ်ကြိမ် Live လွင့်ဖို့အစီစဉ်ရှိကြောင်း facebook စာမျက်နာတွင်ရေးသားထားပါသည်။ VBLULU မှ Live လွင့်သည်မှာ ဒီတစ်ခါပထမ အကြိမ်တော့မဟုတ်ပါ။ VBLULU Page မှ အထင်ကရဖြစ်သောနေ့များတွင် Live Show တင်ဆက်လျက်ရှိပါသည်။ Thanksgiving ကာလမှာလည်း Live Show လွင့် လျက်ရှိခဲပါသည်။
ထို့ကြောင့် နိုင်ငံအသီးသီးရှိလီဆူညီအကိုမောင်နှမများ Stay at Home ကာလမှာ မိမိအိမ်မှာနေပြီး Live show များကို ကြည့်ရှုခံစားနိုင်ဖို့ရန်အတွက် ကြို တင် အသိပေး နိုးဆော်အပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *