KNU ထိန်းချုပ်နယ်မြေ၊ ဝင်းရေးမြို့နယ်မှာ ကျောင်းများဖွင့်မယ်

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေ ဝင်းရေးမြို့နယ်မှာ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန KECD လက်အောက်ရှိ ကျောင်းတွေ ဇွန်လ ပထမအပတ်မှာ ကျောင်းအပ်ရမှာဖြစ်ပြီး၊ ဇွန်လ တတိယအပတ်မှာ ကျောင်းဖွင့်သွားမယ်လို့ ဒီနေ့ မေလ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ဝင်းရေးမြို့နယ်အတွင်းက ဘယ်အဖွဲ့အစည်းမဆို ပညာရေးယန္တယားလည်ပတ်ဖို့ ပြည်သူလူထု သဘောဆန္ဒမပါဘဲ နည်းမျိုးစုံ လုပ်ဆောင်တာမျိုး ရှောင်ကျဉ်ပြီး လူ့ဂုဏ်သိက္ခာ၊ လူ့ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ပြုမူဖို့ တိုက်တွန်းထားပါတယ်။

KECD အနေနဲ့ KNU ဗဟိုရဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်မယ့်လမ်းစဉ်အတိုင်း လျှောက်လှမ်းမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီ တို့ရဲ့ သဘောဆန္ဒကို ရှေ့တန်းမတင်ဘူးလို့ ရေး သားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *