Dr. Oak Kaung Zan ပြောပြလာတဲ့ ကိုဗစ်ကို ရင်ဆိုင်နည်းလမ်း

?ဒီအချိန်မှာ ဖျားပီဆိုရင်
ဒါ seasonal flu ဖြစ်နိုင်လား

☑️ကိုယ့်ကိုယ် ကို မလိမ်ပါနဲ့
ဖြစ်ပြီလို့ သဘောထားပြီး စိတ်ကို တင်းထားပါ
ရေချိုးလို့ ဖြစ်ဖြစ် အအေးခံလိုက်လို့ ဖြစ်ဖြစ်
ရေမချိုးပဲနေနေ အအေးမခံဘဲနေနေ
ကိုဗစ်က ဖြစ်မှာပါပဲ

?ဖြစ်ရင် ဘာအရင်စလုပ်ရမလဲ

▪️ရက်အရင်တွက်ပါ
▫️နေမကောင်းစ ဖြစ်တဲ့ရက်
▪️စဖျားတဲ့ရက်
▫️ဝမ်းစလျောတဲ့ရက်
အဲ့ရက်ကို Day 1 လို့သတ်မှတ်ပါ

အခု ဖြစ်နေတဲ့ COVID ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး

?ပုံစံ ၁
Day 1 မအီမသာ စဖြစ်တယ်
Day 2 ဖျားတယ်
Day 3 အဖျားပိုတက် ၊ ကိုယ်လက်တွေကိုက်
Day 4,5 ဆေးပတ်လည် အဖျားကျ ၊ သက်သာသွား
Day 7,8,9 အနံပျောက်သွား
လည်ချောင်းနဲနဲ ယား

?အသက်သာဆုံးပုံစံပါ

??ပုံစံ ၂
Day 1 ရုတ်တရက် ဖျားတယ်
Day 2 ခြစ်ခြစ်တောက်ပူ ၊ လည်ချောင်းနာ
Day 3 လည်ချောင်းက ဘာမှ မြိုမရအောင် ပူပီးနာနေမယ်
Day 4,5 ချောင်းခြောက်ဆိုးမယ်
Day 7,8,9 အဖျားကျ ချောင်းဆိုးကျန်ခဲ့ ၊ အနံ့ အရသာ ပျောက်သွား

?လည်ပြွန်ယောင်တဲ့ ပုံစံပါ
ခံစားရပေမဲ့ သိပ်မဆိုးတဲ့ အမျိုးအစားပါပဲ

☑️☑️☑️ပုံစံ ၃ ကတော့
ချွဲ ပြန်မြိုချမိတာကနေစ ပီး ဝမ်းလျောတာပါပဲ
ကိုယ်က ကိုဗစ် ဖြစ်နေတာဆိုပီး ချောင်းမဆိုးပဲ ချွဲတွေ မြိုမချရပါဘူး

▪️ဓာတ်ဆားရည်
▫️Probiotic နဲ့ သက်သာပါတယ်
ဒါပေမဲ့ လူက မြော့ကျန်ခဲ့ပါတယ်

☑️☑️☑️ပုံစံ ၄
Day 1 နေမကောင်း ၊ ကိုက်ခဲ
Day 2 ဖျား
Day 3 လည်ချောင်းယား
Day 4,5 ချောင်းဆိုး သလိပ်ထွက် ၊ ရင်ဘတ်အောင့် ၊ မောချင် ၊ အသကါရှူ ပိုမြန်
Day 6 Oxygen ကျပြီ
Day 7 လှုပ်တာနဲ့မောပြီ ၊ မှောက်ပီး တနေကုန်နေရတယ် ၊ Oxygen ရှိရင် ပိုကောင်းတယ်
(ဆေးရုံသွားဖို့ကတော့ သိကြတဲ့ အတိုင်း)

?Day 7-11 အသက်လုရပီ ၊
?တကယ်မှောက်နေနိုင်သလား ၊
?အသက်ရှူလေ့ကျင့်ခန်း ကြို လုပ်ထားခဲ့ သလား၊
?လူငယ်လား လူကြီးလား ၊
?အဝလွန်ရှိသလား၊
?ဆီးချို ရှိသလား ၊
?ဆေးလိပ်သောက်သလား စသဖြင့်ပေါ် မူတည်ပီး
အခြေအနေ ကောင်းခြင်း မကောင်းခြင်း ဖြစ်မယ်

?အဲ့လိုပုံစံက “အဆုတ်ယောင်” ပုံစံပါ အဆိုးဆုံးပါပဲ

?ပိုးကြောင့် အဆုတ်ယောင်တာ ဖြစ်နိုင်သလို
⬛️Immune system က ပိုးကို မတရား တိုက်လို့လဲ ဖြစ်နိုင်ပါတယ်

?Immune ကြောင့်ထင်ရင် တချို့လူနာတွေကို Dexa ထိုးရ သောက်ခိုင်းရပါတယ်
( ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်မှပဲ သိနိုင်မှာပါ၊ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုဆို ဘေးထွက်ဆိုးကျိုးတွေ များပါတယ်)

နာတာရှည် အိပ်ရထဲလဲနေတာ ကြာခဲ့တဲ့ လူကြီးတွေ
?အဆုတ်ကို လာတဲ့ သွေးကြောထဲမှာ သွေးခဲတာ ဖြစ်နိုင်တယ်
(ဒါ့ကြောင့် သွေးကျဲဆေးတွေထိုးဖို့ လိုမယ်
လူတိုင်းထိုးဖို့ မလိုပါ)

ဒီDay 7-11 သည်
?ဆရာဝန် ညွှန်ကြားချက် လိုကိုလိုမယ်
?အိမ်ပင့် ဆရာဝန်လိုကိုလိုမယ်
?ဆေးရုံ သွားနိုင်ရင်/ တက်ခွင့်ရရင် တော့ အကောင်းဆုံးပါပဲ

ဒီတခေါက်ကိုတော့ Day 1 – Day 7 အတွင်း ဘာတွေ လုပ်သင့်တယ်ဆိုတာ အောက်မှာ
ပုံစာ လေးတွေနဲ့ ရေးထားပေးပါတယ်

?လူနာများ လူနာရှင်များ မြန်မြန် အဆင်ပြေကြပါစေ ခဗျာ

Dr.Oak Kaung Zan
MBBS , UM1

?မှတ်ချက်?
လူနာတစ်ဦးနှင့် တစ်ဦး ရောဂါ လက္ခဏာ ၊ အောက်ခံ ရောဂါပေါ် မူတည်ပီး ကုသမှူ ကွဲပြားပါလိမ့်မည်

Leave a Reply

Your email address will not be published. Required fields are marked *