စူဠာမဏိစေတီတော်မိုးကြိုးထိ

ယနေ့ မေလ ၂၄ ရက်နေ့၊ မွန်းလွဲ ၁း၂၀ နာရီမှာ ရှမ်းပြည်နယ် ကျောက်မဲမြို့၊စိန် ကျောက်တောင်ကျောင်းအတွင်းရှိ စူဠာမဏိစေတီတော်မိုးကြိုးပစ်ခံရ၍ ထီးတော်မြေခခဲ့ရပါတယ်။

ပြည်သူရှိနေသရွေ့ ပါတီရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

အာဏာသိမ်းစစ်ကောင်စီရဲ့တရားစွဲဆိုခြင်းကိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မေလ ၂၄ ရက်နေ့ ပထမဦးဆုံးအကြိမ် ရှေ့နေတွေနဲ့လူချင်း တွေ့ဆုံခွင့်ရတဲ့အချိန်မှာ ပြည်သူရှိနေသရွေ့ ပါတီရှိမယ်လို့ ပြောဆိုလိုက်ပါတယ်။ “ NLD ကိုပြည်သူအတွက်ဖွဲ့ထားတာဖြစ်လို့…

ဒီမော့ဆိုမြို့နယ်က စစ်ကောင်စီ စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်မီးရှို့

ဒီမော့ဆိုမြို့နယ်အတွင်းရှိစစ်ကောင်စီ၏ စခန်းတစ်ခုကို ယနေ့ မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်မီးရှို့လိုက်ပါတယ်။

မိုးဗြဲ ရဲစခန်းကို PDF သိမ်း

မေလ ၂၃ ရက်နေ့ မနေ့ပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သိမ်းယူလိုက်တယ်လို့ သတင်းတက်လာပါတယ်။ပြည်သူ ၂ ယောက် ထိထားပြီး၊…

တောင်ဒဂုံရဲစခန်းအနီး ဗုံးပေါက်၊ ရဲတစ်ဦးသေ

မေလ ၂၀ ရက် ဒဂုံမြို့သစ်တောင်ပိုင်း တောင်မြောက်လမ်းဆုံအနီးက ရဲစခန်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့သတင်းတက်လာပါတယ်။ တောင်ဒဂုံမြို့ဟာ ရန်ကုန်မြို့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့တွေထဲက မြို့တစ်မြို့ဖြစ်ပါတယ်။

မြစ်ကြီးနား – ပူတာအိုကားလမ်းမှာ ဆီတင်ကား ၂ စီးမီးရှို့ခံရဟုဆို

ပူတာအို – မြစ်ကြီးနားလမ်း၊ ဆွန်ယန် နဲ့ မိုင်ထောင် ကြား၊ မိုင်တိုင် (108) မှာ မွန်းလွဲ ၂ နာရီခန့်က တိုင်းကျော်ဆီဆိုင်ရဲ့ ဆီတင်ကားကြီးနှစ်စီး မီးရှို့ခံရတယ်လို့…

စစ်ကောင်စီက KNU ထံကန့်ကွက်စာပို့

KNU နယ်မြေအတွင်း စစ်သင်တန်းပို့ချပေးခြင်းသည် NCA သဘောတူစာချုပ် ဖောက်ဖျက်ရာရောက်ကြောင်း စစ်ကောင်စီမှ KNU ထံ မေလ ၁၈ ရက်နေ့ နေ့စွဲနဲ့ စာပို့လိုက်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းရေးဦးစီးဌာန ဒါရိုက်တာနှင့် ဦးစီး တို့ကိုခန့်အပ်

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန က ဒါရိုက်တာအဖြစ် Aphu Doe နှင့်၊ ဦးစီးအဖြစ် Rubicon Ngwazah တို့ကို မလ ၁၈ ရက်စွဲနဲ့ သီးခြားခန့်အပ်လွှာကိုယ်စီနဲ့ ခန့်အပ်လိုက်ပါတယ်။

လုံကက ပထမဆုံးအစည်းအဝေးလုပ်

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအစည်းအဝေးကို မေလ ၁၈ ရက်နေ့က ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ အစည်းအဝေးထဲမှာ ဥက္ကဌ ဒုတိယသမ္မတ ဒူဝါလရှီးလ၊ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီးဌာန…

မြန်မြန်ဆန်ဆန်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေတဲ့ စစ်ပွဲ ဟုဘာတဲလ်လစ်တနာဆို

မြန်မာပြည်မှာ လူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုအဆင့်ကနေ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် ပျောက်ကျားတိုက်ခိုက်မှုများအဖြစ်သို့ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေပြီလို့ မြန်မာ့အရေး လေ့လာရေးသားသူ ဘာတဲလ်လစ်တနာက Asia Times မှာ A…