Assistant Immigration Officer(Lisu)Participate Civil Disobedience Movement

Local News: Assistant Immigration Officer(Lisu) Participate Civil Disobedience Movement.”ကျွန်တော်လီဆူတိုင်းရင်းသား လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးဦးဒါနီလီ Civil Disobedience Movement တွင် တရားဝင် ပါဝင်သွားမည် ဖြစ်ပါသည်”ဟုသူ၏ Facebook တွင် ရေးသားထားပါတယ်။

ကျွန်တော်လီဆူတိုင်းရင်းသား လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးဦးဒါနီလီ (လဝက-၁၈၄၄၇)သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်လဝကရုံးတွင်တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်း တစ်ဦးဖြစ်ပါသည်။မတရားသိမ်းပိုက်ခဲ့သော စစ်အာဏာရှင်အစိုးရ၏လက်အောက်တွင် မည်သည့်အကြောင်းပြချက်နှင့်မျှ တာဝန်ထမ်းဆောင်မည်မဟုတ်သောကြောင့် (၉-၂ -၂၀၂၁) ရက်နေ့မှစ၍ Civil Disobedience Movement တွင် တရားဝင် ပါဝင်သွားမည် ဖြစ်ပါသည်။ မိမိယုံကြည်ချက်သည်လည်း မည်သို့မျှ ပျက်ပြားသွားမည်မဟုတ်ပါ။ မိမိတိုင်းပြည် ယခုလိုဖြစ်နေချိန်တွင် ကိုယ်နှင့်မဆိုင်သကဲ့သို့ ယူနီဖောင်းဝတ်၍ ရုံးတက်နေရခြင်းကို မိမိကိုယ်မိမိ ရှက်ရွံ့မိပါသည်။ “ဘယ်သူတက်တက် ကိုယ့်အစိုးရ” ဟူသော ခံယူချက်မျိုး မထားနိုင်ပါသဖြင့် အဓမ္မနည်းဖြင့် အာဏာရယူထားခြင်းကို ရှုံ့ချပါသည်။ယခုအုပ်ချုပ်နေ‌သော စစ်အာဏာရှင်များလက်ထက်တွင် ဆက်လက်တာဝန်မထမ်းဆောင်နိုင်သဖြင့် Civil Disobedience လုပ်ခြင်းဖြစ်ပါသည်။ကျွန်‌တော်တင်သော post ကို အပြည့်အ၀တာ၀န်ယူပါသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှမသက်ဆိုင်ပါ။ကျွန်တော့လုပ်ရပ်သည် ကျွန်တော် တစ်ယောက်တည်းတွင်သာ တာဝန်ရှိပါသည်။ မိမိ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ၊ မိမိ ဌာနမှ လူကြီးများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

#SaveMyanmar

#CivilDisobedience

#RespectourVotes

#fightingforjustice#MOLIP Staff

#AgainstMyanmarMilitaryCoup

Facebook Links: https://www.facebook.com/darnili.darnili.96

ကြၽန္ေတာ္လီဆူတိုင္းရင္းသား လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမႉးဦးဒါနီလီ (လဝက-၁၈၄၄၇)သည္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ေနျပည္ေတာ္၊ ဥတၱရခ႐ိုင္၊ ေဇယ်ာသီရိၿမိဳ႕နယ္လဝက႐ုံးတြင္တာဝန္ထမ္းေဆာင္ေနေသာ ျပည္သူ႔ဝန္ထမ္း တစ္ဦးျဖစ္ပါသည္။မတရားသိမ္းပိုက္ခဲ့ေသာ စစ္အာဏာရွင္အစိုးရ၏လက္ေအာက္တြင္ မည္သည့္အေၾကာင္းျပခ်က္ႏွင့္မွ် တာဝန္ထမ္းေဆာင္မည္မဟုတ္ေသာေၾကာင့္ (၉-၂ -၂၀၂၁) ရက္ေန႔မွစ၍ Civil Disobedience Movement တြင္ တရားဝင္ ပါဝင္သြားမည္ ျဖစ္ပါသည္။ မိမိယုံၾကည္ခ်က္သည္လည္း မည္သို႔မွ် ပ်က္ျပားသြားမည္မဟုတ္ပါ။ မိမိတိုင္းျပည္ ယခုလိုျဖစ္ေနခ်ိန္တြင္ ကိုယ္ႏွင့္မဆိုင္သကဲ့သို႔ ယူနီေဖာင္းဝတ္၍ ႐ုံးတက္ေနရျခင္းကို မိမိကိုယ္မိမိ ရွက္႐ြံ႕မိပါသည္။ “ဘယ္သူတက္တက္ ကိုယ့္အစိုးရ” ဟူေသာ ခံယူခ်က္မ်ိဳး မထားႏိုင္ပါသျဖင့္ အဓမၼနည္းျဖင့္ အာဏာရယူထားျခင္းကို ရႈံ႕ခ်ပါသည္။ယခုအုပ္ခ်ဳပ္ေန‌ေသာ စစ္အာဏာရွင္မ်ားလက္ထက္တြင္ ဆက္လက္တာဝန္မထမ္းေဆာင္ႏိုင္သျဖင့္ Civil Disobedience လုပ္ျခင္းျဖစ္ပါသည္။ကြၽန္‌ေတာ္တင္ေသာ post ကို အျပည့္အ၀တာ၀န္ယူပါသည္ မည္သူတစ္ဦးတစ္ေယာက္ႏွင့္မွ်မသက္ဆိုင္ပါ။ကြၽန္ေတာ့လုပ္ရပ္သည္ ကြၽန္ေတာ္ တစ္ေယာက္တည္းတြင္သာ တာဝန္ရွိပါသည္။ မိမိ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းမ်ား၊ မိမိ ဌာနမွ လူႀကီးမ်ားႏွင့္ လုံးဝသက္ဆိုင္ျခင္းမရွိပါ။

Leave a Reply

Your email address will not be published. Required fields are marked *