ရန်ကုန်မှာ ပတ်စပို့ရုံးစတင်ဖွင့်လှစ်

တပ်မတော်အာဏာသိမ်းပြီးကတည်းက ပိတ်ထားတဲ့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံး Myanmar Passport Office ကို ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ရုံးအနေနဲ့…

အလှမယ် တစ်ဖြစ်လဲ လက်နက်ကိုင်တော်လှန်ရေးသမား ထားထက်ထက်

အသက် ၃၂ နှစ်အရွယ်၊ ကျွမ်းဘားအားကစားနည်းပြ နှင့် အလှမယ်တစ်ဦးဖြစ်တဲ့ ထားထက်ထက်က လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိပြီး လက်နက်ကိုင် တော်လှန်ရေးသမားတစ်ဦးဖြစ်လာပါတယ်။ တပ်မတော်ဟာ သူ့အလုပ်သူ့လမ်းကြောင်း မဟုတ်ဘဲနဲ့ မဲစာရင်းစစ်တာတို့၊ နိုင်ငံရေးမှာပါဝင်တာတို့၊…

မီဒီယာမိုးချုပ်သွားတဲ့ တိုင်းပြည် … (OPINION)

မေလ ၃ ရက်နေ့က World Press Freedom Day (ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့) ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မီဒီယာ လွတ်လပ်ခွင့် မိုးချုပ်သွားခဲ့ပြီဖြစ်ပါတယ်။ မီဒီယာက လူထုရဲ့ နားနဲ့မျက်စိပဲဖြစ်ပါတယ်။…

စစ်ကောင်စီရဟတ်ယာဉ်ကို KIA ပစ်ချ

မေလ ၃ ရက်နေ့ မနက်ပိုင်းက မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာနားမှာ လေကြောင်းက လာရောက်တိုက်ခိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ဟယ်လီကော်ပတာရဟတ်ယာဉ်ကို KIA ကပစ်ချလိုက်ပါတယ်။ မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်ကနေ လေကြောင်းကနေ တစ်နေ့ကို လေးကြိမ်လောက်အထိ…

လီဆူအနုပညာရှင် ယောတီဖာ ထောင်တွင်းက စာရေးပို့လာ

မတ်လ ၃၀ ရက်နေ့မှာ လီဆူအနုပညာရှင် ယောတီဖာရဲ့ ထောင်တွင်းကရေးပို့လိုက်တဲ့စာ ပထမဦးဆုံးအကြိမ် လက်ခံရရှိတယ်လို့ သူ့သူငယ်ချင်းက ပြောဆိုလိုက်ပါတယ်။ “Bro ယောတီဖါရဲ့ စာပထမဆုံးအကြိမ်ရရှိပါတယ်။ ရေးသမျှစာမရပါဘူး။ 7. 5.…

NUG နဲ့ဆွေးနွေးဖို့ အသင့်ရှိဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဆို

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က စစ်ကောင်စီအကြီးအကဲအကြောင်းသုံးသပ်မှုအပြင်၊ မြန်မာ့အရေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အသင့်ရှိ‌နေပါကြောင်း မေလ ၁ ရက်နေ့မှာ သူ့တွဒ်တာလူမှုကွန်ယက်ကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။ “ပြီးခဲ့တဲ့…

ဘာလုပ်သင့်သလဲ

စစ်တပ်ဟာ လူစကားနားမလည်ဘူးဆိုတာကို နိုင်ငံတကာအသိုင်းအဝန်းက အမြန်ဆုံး သဘောပေါက်သင့်ပါတယ်။ အပြစ်မဲ့ပြည်သူတွေအသက်များစွာ စတေးခံပြီး မြန်မာစစ်တပ် လူစကားနားလည်လာတဲ့အထိ အချိန်ပေး စောင့်နေမလား၊ ကိုယ်ကပဲ မြန်မာစစ်တပ်ဟာ လူ့ယဉ်ကျေးမှုနဲ့အသိတရားမရှိဘူး၊ လူတွေပြောတဲ့စကားကို နားမလည်ဘူးဆိုတာကို…

တိုကျိုအိုလံပစ်ဝင်မပြိုင်ဘဲ စစ်ကောင်စီကို ဆန့်ကျင်မည့် မြန်မာရေကူးသမား ဝင်းထက်ဦး

တိုကျိုအိုလံပစ်ဝင်မပြိုင်ဖို့ မြန်မာရေကူးသမား ဝင်းထက်ဦး ဆုံးဖြတ်လိုက်ပါတယ်။ “အာဏာရဖို့ မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီလက်အောက်မှာ မပြိုင်နိုင်ဘူး”လို့ ပြောပါတယ်။

အန္ဒိယ ကိုဗစ်ပြင်းထန်ဆဲ

အန္ဒိယနိုင်ငံမှာ ကိုဗစ်ကပ်ဘေးပြင်းထန်နေပြီး ဆေးရုံတွေက လူနာတွေကို အောက်ဆီဂျင်ပေးဆောင်နိုင်မှု ကျဆုံးလာနေပြီလို့သိရပါတယ်။ မနေ့က တနင်္လာနေ့မှာ ပိုးကူးစက်သူ ၃၅၂၉၉၂ ဦးရှိခဲ့ပြီး ဒါဟာ ၅ရက်ဆက်မြောက် ကူးစက်သူ ၃သိန်းအထက်အရေအတွက်မှာရှိနေတာပါ။ ကနေ့…

ထိုင်းနယ်စပ်က စစ်ကောင်စီတပ်စခန်းကို ကေအန်ယူတက်သိမ်း

ယနေ့ ဧပြီ ၂၇ ရက်နေ့၊ နံနက် ဝေလီဝေလင်းအချိန်ကစတင်ပြီး ကေအန်ယူ တပ်မဟာ (၅) လက်အောက်ခံတပ်တွေက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မူတော်ခရိုင်ထဲက သံလွင်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို တက်သိမ်းလိုက်ပါတယ်။