လက်ပံတန်းမြို့မှာ တစ်ပတ်အတွင်း ကိုဗစ်လူနာ ၉၀ ဦးတွေ့ရှိ

လက်ပံတန်းမြို့မှာ ကိုဗစ်၁၉ ကူးစက်လူနာတွေ တစ်ပတ်အတွင်း ၉၀ဦးတွေ့ရှိထားတယ်လို့ သတင်းရလာပါတယ်။

” ပထမဦးဆုံး ပိုးတွေ့လူနာက ဆိုင်ကယ်ကယ်ရီသမားတစ်ဦး။ သူ့ကို ပိုးတွေ့တာ ၇ရက်နေ့ပါ သေဆုံးတာကတော့ ၉ရက်နေ့မှာပါ။ အဲ့ဒီနောက်ပိုင်း ပိုးတွေ့လူနာတွေ တန်းစီပြီးတွေ့တော့တာပါပဲ” လို့ လက်ပန်တန်းဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီက ဖွင့်တဲ့ တော်လှန်ရေးကွက်သစ်ကျောင်းက မူလတန်းကျောင်းသူ တစ်ဦးမှာလည်း ပိုးတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

” ကျောင်းမှာတွေ့တာတော့ မဟုတ်ဘူး သံသယရှိလို့ စစ်လိုက်တာ အိမ်မှာတွေ့တာ ကလေးကကျောင်းတက်တော့ အဲ့ကျောင်းက ကလေး‌တွေလည်း စစ်ရလိမ့်မယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းခေါင်းလောင်းသံ ထိုးနေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးနေကြတဲ့ ဒီလိုအနေအထားမျိုးမှာ စစ်ကောင်စီလက်နက်ကိုင်တွေ စောင့်ကြပ်ပြီး ကလေးတွေကို ကျောင်းအတင်းတက်ခိုင်းနေတာကလည်း မိဘပြည်သူလူထုအတွက် အသက်ဘေး စိုးရိမ်ဖွယ်အဖြစ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *