ဇွန်လ ၁ ရက်နေ့မှ စပြီး ၁၄ ရက်နေ့အထိ အလွန်တင်းကြပ်သောလှုပ်ရှားသွားလာမှုများပိတ်ပင်ခြင်းအမိန့် (total lockdown) ကို အဆင့်သုံးဆင့် ဖြင့်မလေးရှားတစ်နိုင်ငံလုံးအနေဖြင့် ချမှတ်သွားမည်ဟု ဝန်ကြီးချုပ်ရုံးမှထုတ်ပြန်လိုက်ပါတယ်။
ဤဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် Tan Sri Muhyiddin Yassin ဥက္ကဌဆောင်ရွက်ပြီး ယနေ့ပြုလုပ်တဲ့ မလေးရှားနိုင်ငံတော်လုံခြုံရေး ကောင်စီအစည်းအဝေးမှာ သဘောတူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံတစ်ဝန်း နေ့စဉ်လိုလို ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၈၀၀၀ ကျော်နေတာဖြစ်ပါတယ်။