ကိုယ့်ထက်ဒုက္ခရောက်နေသူတွေကို ကူညီကြဖို့ ဗွီလော့ဂါ ဒီးဒီးတိုက်တွန်း၊ အလှူခံပေး

ကိုယ့်ထက် ဒုက္ခရောက်နေသူတွေကို ကူညီပေးကြဖို့ ဗွီလော့ဂါ Dee Dee ကသူ့ရဲ့ ဆိုရှယ်မီဒီယာကနေ မေလ ၂၄ ရက်နေ့မှာ အောက်ပါအတိုင်း တိုက်တွန်းချက် ရေးတင်လိုက်ပါတယ်။

“ကိုယ့်ဟာကို ဒုက္ခရောက်လှပြီလို့မထင်နဲ့
ကိုယ့်ထက် ဒုက္ခရောက်တဲ့သူတွေအတွက်လဲ
စာနာကြည့်ပေးကြပါ။ မိတ်ဆွေသင့်မှာစားဖို့ရှိတယ်၊
နေဖို့ ၊ အိပ်ဖို့ နေရာရှိတယ်၊ ဒီစာဖတ်ဖို့ Wifi ရှိသေးရင်
သင့်ဒုက္ခကသေးသေးလေးပါ။ ဘေးပတ်ဝန်းကျင်က
ကိုယ့်ထက်ဒုက္ခရောက်နေတဲ့သူတွေကိုသွားကူညီပါ။”

အရေးပေါ်လိုအပ်ချက်တွေကို ကူညီနိုင်ဖို့အတွက် ဒီးဒီး အလှူခံပေးနေတဲ့ GoFundMe အကောင့်လင့်ကတော့ gofundme.com/2dz112zy20 ဖြစ်တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *